Cele YatKwat: နစ်နာမှုရှိတဲ့ အနုပညာလောကသားတွေအတွက် ကိုယ်ချင်းစာတယ်လို့ဆိုတဲ့ ယွန်းရွှေရည်

ခိုးကူးခွေကြောင့် ပျက်စီးနေတဲ့ ဗီဒီယိုဈေးကွက် အကြောင်းပြောတာဖြစ်ပါတယ်။

ဇာတ်ရုပ်တစ်ခုကို ပိုင်နိုင်စွာသရုပ်ဆောင်တတ်ပြီး ယွန်းရွှေရည်ကတော့ ဗီဒီယိုဈေးကွက်ပျက်ပြားတာဟာ ခိုးကူးခွေကြောင့်ပါလို့ ဆိုပါတယ်။ ဗီဒီယိုဈေးကွက် ပြန်လည်ကောင်းမွန်လာဖို့ကိုလည်း ဘယ်လိုတွေဆောင်ရွက်သင့်တယ်ဆိုတာကို Duwun Media ကနေ တဆင့် ပြောပြခဲ့ပါတယ်။

play

 

''ရုပ်ရှင်ဇာတ်ကားကြီးကျတော့ လူအနည်းစုပဲ ပါဝင်ရိုက်ကူးလို့ရတယ် ဘာကြောင့်လဲဆိုတော့ ငွေအမောက် များတဲ့အတွက် ပေါ့။ အဲ့ဒီတော့ ဗီဒီယိုဈေးကွက်ကျတော့ ခိုးကူးခွေဖျက်သွားတဲ့အတွက် ညီမတို့အနုပညာရှင်တွေထဲမှာ  ဒုက္ခရောက်နေတဲ့သူတွေ အများ ကြီး ရှိပါတယ်။စိတ်မကောင်းတော့ဖြစ်မိတာပေါ့နော်။ တက်နိုင်သ၍တော့ တောင်းပန်ချင်တာက တချို့ ပရိုဂျူဆာတွေဆိုရင် လုံးဝ မရိုက်တော့ဘူး။ တချို့ကျတော့လည်း နည်းနည်းလေးပြန်စမ်းပြီးရိုက်နေကြတယ်။ အဲ့ဒီတော့ ဝိုင်းဝန်းပြီးတော့ ညီမတို့ အနုပညာ ရှင်တွေကို အားပေးမယ်ဆိုလည်း နည်းမှန် လမ်းမှန်လေးနဲ့ အားပေးကြပါ'' လို့ သူကဆိုပါတယ်။

play

 

ဗီဒီယိုဈေးကွက်ပျက်ပြားလျှက်ရှိတဲ့အတွက်ကြောင့် နစ်နာမှုရှိတဲ့ အနုပညာလောကသားတွေအတွက် ကိုယ်ချင်းစာတတ်တယ်ဆိုတဲ့ ယွန်းရွှေရည်ရဲ့ စိတ်ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' နစ်နာတဲ့သူတွေထဲကမှ ကိုယ် ကံကောင်းတယ်လို့ပြောလို့ရတာပေါ့နော်။ကိုယ် ကံကောင်းလို့ရိုက်နေရတာ မရိုက်ရတဲ့သူတွေလည်း အများကြီးရှိတယ်။ အဲ့ဒီတော့ ကိုယ်ချင်းစာတယ် ကိုယ်တွေလည်း အဆင်အရမ်းအပြေကြီးထဲကတော့ မဟုတ်ဘူး အနေတော်ပါပဲ။ ဒီလိုပဲ နေနိုင်စားနိုင် သွားနိုင်လာနိုင် ဒီအဆင့်ထဲကပဲ ကိုယ်တောင် ဒီလောက်ရုန်းကန်နေရတယ်ဆိုရင် ကိုယ့်ထက်အဆင်မပြေ တဲ့သူတွေ အလုပ်မရှိတဲ့အခါကျရင် ပိုဆိုးတာပေါ့နော်။ ညီမတို့ကတော့ ညီမတို့ဆရာတွေ ကလည်း တက်နိုင်တဲ့နေရာကနေ ခေါ်ရိုက် ကြတာရှိမယ်၊ မောင်နှမတွေလိုရော မိသားစုလိုရောဖြစ်နေတဲ့အတွက် ကားရိုက်မရှိတဲ့အခါကျရင် ဒီလိုပဲ လှည့်ပတ်ပြီးရိုက်နေရတာ ပေါ့နော်'' လို့ သူက ဆိုပါတယ်။

 

ယွန်းရွှေရည်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို ရရှိလာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ တစ်လကို ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားသာရိုက်ကူးနေတာဖြစ်ပြီး အခုလက်ရှိမှာလည်း မေမြို့မှာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်နေတယ်လို့ သိရပါတယ်။မကြာခင်ရုံတင်ပြသတော့မယ့် ဖက်ရှင်ရုပ်ရှင် ဇာတ်ကားကြီးထဲမှာလည်း သရုပ်ဆောင် ဇေရဲထက်၊ ခင်ဝင့်ဝါ၊ မြန်မာပြည်သိန်းတန်၊နုနန္ဒာသန်း တို့နဲ့အတူ အဓိကသရုပ်ဆောင် တစ်ယောက်အဖြစ်လည်း ပါဝင်ထားပါတယ်။

Photo: ယွန်းရွှေရည်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ