Cele YatKwat: ဒုတိယ ဝါသနာအကြောင်းပြောပြခဲ့တဲ့ တိုင်ရွန်

ဆိုင်ကယ်စီးရတာ၊ကားမောင်းရတာတွေနဲ့ ပတ်သက်တဲ့အမှတ်တရတွေ ပြောပြခဲ့ပါတယ်။

အနုပညာအလုပ်ကိုပထမဝါသနာတစ်ခု အနေနဲ့ရပ်တည်နေတဲ့ တိုင်ရွန်ကတော့ သူကိုယ်တိုင်စိတ်ဝင်တစားရှိလှတဲ့ တခြားဝါသနာ တွေအနေနဲ့ ဆိုင်ကယ်စီးရတာ၊ ကားမောင်းရတာကို ပိုပြီးစိတ်အားထက်သန်တဲ့အတွက် သူ့ရဲ့ဝါသနာတွေနဲ့ ပတ်သက်တဲ့ အမှတ်တရ တွေကိုလည်း Duwun Media ကနေတဆင့် ဖွင့်ပြောခဲ့ပါတယ်။

play

 

'' ကျွန်တော့်ရဲ့ ဒုတိယဝါသနာအပါဆုံးကတော့ ဆိုင်ကယ်နဲ့ကားကို ကျွန်တော်အရမ်းဝါသနာပါတယ်။ ဆိုင်ကယ်ကိုတော့ ပိုပြီးဝါသနာ ပါတယ်။ ကျွန်တော့်ကို ကားအကောင်းစားပေးမစီးရင်နေပါစေ ဆိုင်ကယ်ကောင်းကောင်းစီးချင်တယ်၊ ကျွန်တော်အရမ်းဝါသနာပါတဲ့ ဆိုင်ကယ်ကို ဖြုတ်လိုက်တပ်လိုက် နဲ့ လိုက်ကလိနေရတာကို အရမ်းကြိုက်တယ်။ တရုတ်ဆိုင်ကယ်တစ်စီးကို ကျွန်တော် တစစီဖြုတ် ဖူးတယ် အိမ်မှာရှိတဲ့ ဂွတွေနဲ့ ကျွန်တော်ရအောင်ဖြုတ်တယ်။ ပြီးတော့ ကျွန်တော်ပြန်မတပ် တက်တော့လို့ ဝက်ရှော့ဆရာသွားခေါ်ပြီး ပြန်တပ်ရတာပေါ့နော်။ ဆိုင်ကယ်ပြိုင်တာတို့လည်း ဝါသနာပါလို့ အမာရွတ်တွေလည်းရှိခဲ့တယ်။လူငယ်တစ်ယောက်အနေနဲ့တော့ ဆိုင်ကယ် စီးရတာတော်တော်ကို နှစ်သက်တယ်'' လို့ သူက ဆိုပါတယ်။

play

 

တိုင်ရွန်ကတော့ရှာတဲ့မုန့်ဖိုးတွေ၊ ဖုန်းဘေတွေကလည်း ကားနဲ့ပတ်သက်ပြီး ကုန်သွားတတ်တာများတယ်ဆိုတဲ့ အမှတ်တရတွေ ကို လည်း ပြောပြခဲ့ပါသေးတယ်။

''   ရှာတဲ့မုန့်ဖိုးတွေကလည်း ကားနဲ့ပတ်သက်ပြီးကုန်တာပေါ့နော်၊ ကားကို ဒီအတိုင်းစီးရတာမကြိုက်ဘူး ပြန်ပြီးတော့ အလှဆင်ရတာ ကို ပိုကြိုက်တယ်။ နေ့နေ့ညည ဖုန်းဘေအကုန်ခံပြီး You Tube တွေ၊ Instagram တွေမှာ ကားနဲ့ပတ်သက်တဲ့ အကြောင်းတွေ အကုန်လုံးကိုလေ့လာတယ်၊ ကားဂွေ အမျိုးအစားတွေ လေ့လာတယ်၊ ကားကိုလည်း ဘော်ဒီအပိုင်းပဲဖြစ်ဖြစ်၊ စတစ်ကာအပိုင်းပဲ ဖြစ်ဖြစ် ကျွန်တော်လေ့လာတယ်၊ ကားအကြောင်းသိတာ သိပ်မကြာသေးပေမယ့် တော်တော်များများကိုလေ့လာဖြစ်ပါတယ်'' လို့ တိုင်ရွန်က ဆိုပါတယ်။

 

အားကစားနဲ့ပတ်သက်လို့ တင်းနစ်ရိုက်တာကိုလည်း  ဝါသနာပါပြီး ကျောင်းတက်စဉ်ကတည်းကပြိုင်ပွဲတွေလည်း ဝင်ခဲ့ဖူးတာဖြစ်တဲ့ အတွက် တင်းနစ်ဆော့ခဲ့တဲ့အကြောင်းနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' တင်းနစ်ကို ကျွန်တော် ၇ တန်းကတည်းက စဆော့ခဲ့တာပါ။ နယ်မှာကျတော့ တင်းနစ်ကွင်းတွေက အလွယ်တကူသွားလို့ ရတယ်၊ ဆိုင်ကယ်နဲ့သွားလိုက်ရင် တင်းနစ်ရိုက်ဖို့အတွက် အဆင်ပြေတယ်ပေါ့နော်။ ပြိုင်ပွဲတွေလည်း ဝင်ခဲ့ဖူးပါတယ်။ ဆုတွေလည်းရခဲ့ဖူး ပါတယ်နိုင်ငံ့ဂုဏ်ဆောင်ဖို့ဆိုတာကလည်းကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်မှာ အားကစားပိုင်းက အဲ့လောက်ကြီးအထိ အရေးမပါတဲ့အခါကျတော့ အားကစားသမားတစ်ယောက်အဖြစ် ဂုဏ်ဆောင်တယ်ဆိုတာကြီးက ရှားသွားပါပြီ။ ကျွန်တော့် ကျောင်း အဆင့် သေးသေးလေးမပြောနဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးတွေကိုတောင် မြေတောင်မြှောက်ပေးခြင်းက အများကြီး ရှားပါးတဲ့အတွက် စိတ်ထဲမှာတော့ ကိုယ့်ဘာသာကိုယ်ဂုဏ်ယူမိပေမယ့် ကျွန်တော့်ကို ဂုဏ်ပြုပေးမယ့်သူကတော့ မရှိခဲ့ပါဘူး'' လို့ တင်းနစ်  အားကစားနဲ့ပတ်သက်ပြီး တိုင်ရွန်ကရင်ဖွင့်ပြောကြားခဲ့ပါတယ်။

play

 

တိုင်ရွန်ကတော့ လက်ရှိမှာ ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးထားတဲ့ တစ်ခါက ရန်ကုန်မြို့ပြ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်ရိုက်ကူးတဲ့ တစ်ခုလပ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး တွေကိုလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ပါဝင် ရိုက်ကူးထားတာဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေလည်း ရိုက်ကူးနေပြီလို့ သိရပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ