Cele YatKwat: အချစ်ခန်းတွေ နုနုရွရွဆိုမလုပ်တတ်ဘူးဆိုတဲ့ ပြည့်ဝတီမောင်

သရုပ်ဆောင်နဲ့ပတ်သက်တဲ့အခက်အခဲတွေပြောပြခဲ့ပါတယ်။

Miss တစ်ယောက်အနေနဲ့ ပရိသတ် အားပေးမှုရရှိထားတဲ့ ပြည့်ဝတီမောင်ကတော့ လက်ရှိမှာ ဗီဒီယိုဇာတ်ကားတွေလည်း ရိုက်ကူးနေ ရတာဖြစ်တဲ့အတွက် သရုပ်ဆောင်နဲ့ပတ်သက်ပြီး သူကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ သူ့ရဲ့လေ့လာမှုတွေ အကြောင်းကို Duwun Media ကနေ ပြောခဲ့ပါတယ်။

play

 

'' သရုပ်ဆောင်နဲ့ပတ်သက်တဲ့ အခက်အခဲတွေကတော့ ပြည့် က အချစ်ခန်းတွေ နုနုရွရွတွေ ဆို မလုပ်တတ်ဘူး။ ပြီးတော့ ပြည့်အသံ က နည်းနည်းမာတော့ ဘာပဲဖြစ်ဖြစ် ကိုကို တို့ခေါ်ရတဲ့အပိုင်းတွေဆိုရင် အရမ်းခက်ခဲတယ်။ မြို့ပြမုဆိုးများ ဆိုတဲ့ရုပ်ရှင်ဇာတ်ကား ကြီးထဲမှာလည်း ပြည့်နဲ့အရမ်းဝေးတဲ့ကာရိုက်တာကို သရုပ်ဆောင်လိုက်ရတယ်။ ဗိုက်ကြီးသည် ပေါ့နော် အဲ့ဒီအထဲမှာတော့ သိပ် အခက်အခဲမရှိဘူး စီနီယာ အစ်ကို၊ အစ်မတွေကလည်းတကယ်ကို လက်တွဲခေါ်ပေးကြပါတယ်။ သရုပ်ဆောင်အလုပ်က ဘာပဲ ပြောပြောစိတ်နှစ်ပြီးတော့ သရုပ်ဆောင်ရတဲ့အပိုင်းတွေရှိတဲ့အတွက် ပြည့် လုပ်နိုင်သလောက်လေးတွေလေ့လာဖြစ်တယ်။" လို့ သူက ဆိုပါတယ်။

 

ကာရိုက်တာပီပြင်ဖို့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ သူ့ရဲ့လေ့လာနေပုံတွေကိုလည်း အခုလိုပြောပြခဲ့ပါ

သေးတယ်။

''အိမ်မှာ ဗီဒီယိုလေးတွေရိုက်ပြီး ကိုယ့်ကိုယ်ကို အိုက်တင်တွေလေ့ကျင့်တယ်။ သရုပ်ဆောင်နဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားကားတွေ လည်း ကြည့်တယ်၊အထူးသဖြင့်ကုလားကားတွေကြည့်တယ် သူတို့ရဲ့ အက်ရှင်တွေကိုကြိုက်တယ်၊ မြန်မာကားတွေလည်း ကြည့်တယ် စီနီယာတွေရဲ့ ပြောပုံဆိုပုံ၊ လက်အမူအရာတို့ မျက်လုံးအမူအရာတို့ ကအစ အကောင်းဆုံးလေ့လာဖြစ်ပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ပြည့်ဝတီမောင်ကတော့ Miss Universe Magway2016 ပြိုင်ပွဲကနေ ကတဆင့် ၂၀၁၅- ၂၀၁၆ အကယ်ဒမီထူးချွန်ဆုပေးပွဲမှာလည်း ရွှေကြို မိန်းကလေးတစ်ယောက်အဖြစ်ပါဝင်ခွင့်ရခဲ့တဲ့နောက် အနုပညာလောကထဲကို တဖြည်းဖြည်းဝင်ရောက်လာတဲ့ အနုပညာရှင် အသစ်တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ကြော်ငြာတွေ ၊ MTV တွေရိုက်ကူးနေရသလို ဗီဒီယိုဇာတ်ကား တွေ လည်း ရိုက်ကူးနေရတယ်လို့ဆိုပါတယ်။

Photo: ပြည့်ဝတီမောင်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ