Melody World 2010 ခုနှစ်ပြိုင်ပွဲမှာ စတုတ္ထဆုရရှိထားတဲ့ လီလီမြင့်ကတော့ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ ပါရာဒိုက် ဆိုတဲ့ တေးအယ်လ်ဘမ်ကို Audio အခွေနဲ့အတူ Music Video အခွေကိုပါ ပူးတွဲထွက်ရှိတော့မှာပဲဖြစ်ပါတယ်။ ၄ နှစ်တာအချိန်ယူပြီး ပြင်ဆင်ထားရတဲ့ ပါရာဒိုက် အခွေအတွက် စိုးရိမ်ခဲ့ရမှုတွေအကြောင်းကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' အခွေအတွက် စပြီးပြင်ဆင်တဲ့အချိန်ကနေ အခုထိ အခက်အခဲတွေကတော့ အများကြီးကြုံခဲ့ရပါတယ်။ အချိန်ကြာသွားတာကလည်း လီလီတို့က မိုးကုတ်မှာနေပါတယ် ပိုက်ဆံချမ်းသာတဲ့ မိသားစုက မဟုတ်တဲ့အတွက် လီလီ ပိုက်ဆံရှာတယ် စုတယ်၊ အခွေအတွက် ပြင်ဆင်တယ် ဒီလိုလေးတွေကြားက ပြင်ဆင်ခဲ့ရတာပါ။ အနုပညာနဲ့ပတ်သက်လို့လည်း ပရိသတ်အားပေးနေသ၍ လီလီကတော့ ဆက်လုပ်သွားမယ်လို့ရည်ရွယ်ထားတယ်။ဘာကြောင့်လဲ ဆိုတော့ ဒီအလုပ်က လီလီ့အတွက် မြတ်နိုးတဲ့အလုပ်လည်းဖြစ်တယ်။ တစ်ခါတစ်လေ ကိုယ့်အရှေ့မှာ ဇွဲလျော့သွားတဲ့ ဂီတသမားတွေကို ပတ်ဝန်းကျင်မှာကြည့်မိရင် စိတ်ဓာတ်ကျမိတဲ့အရာလေးတွေတော့ ရှိတာပေါ့နော်။ဒါပေမယ့်လည်း ကျွန်မကိုကျတော့ မိသားစုက အရမ်းအားပေးတယ် အဲ့ဒီအတွက် သူတို့တွေဆီက ခွန်အားလေးတွေ ယူပြီးတော့ ကျွန်မမှာ စိတ်ဓာတ်ကျစရာလေးတွေရှိနေရင်လည်း သူတို့မျက်နှာကိုမြင်ယောင်ပြီးတော့ အမြဲကြိုးစားဖြစ်ပါတယ်'' လို့ သူကဆိုပါတယ်။

 

တေးသံရှင် လီလီမြင့်ရဲ့ ပါရာဒိုက် တစ်ကိုယ်တော်တေးအယ်လ်ဘမ်ရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို သြဂုတ်လ ၃၁ ရက်နေ့က Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပါရာဒိုက်အခွေကိုတေးရေးဆရာ ၁၁ ယောက်က ရေးစပ်ပေးထားတာဖြစ်ပြီး ပေါ့ခ်သီချင်း အမျိုးအစားတွေပါဝင်ကာ သီချင်းစုစုပေါင်း ၁၃ ပုဒ်ထည့်သွင်းထားတယ်လို့ သိရပါတယ်။ဒီအခွေကိုတော့ စက်တင်ဘာလ ၃ ရက်နေ့ မှာ The Sun Music Production ကနေ ထုတ်လုပ်ဖြန့်ချီသွားမှာဖြစ်ပြီး Promotion ပွဲကိုတော့ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီ လှည်းတန်းစင်တာမှာ နာမည်ကျော်အဆိုတော်များစွာနဲ့အတူ လက်မှတ်ရေးထိုးသွားမယ်လို့လည်း သူကပြောပါတယ်။

Photo: လီလီမြင့်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video