Cele YatKwat: ပိုင်တံခွန်ရဲ့ ပထမဆုံးတေးစီးရီး ချစ်သူ

မွေးနေ့မှာ ဖြန့်ချီသွားမှာပါ။

ပိုင်တံခွန်ရဲ့ ပထမဆုံးတစ်ကိုယ်တော် Mini Album ဖြစ်တဲ့ ချစ်သူ ဆိုတဲ့ Audio CD စာနယ်ဇင်း မိတ်ဆက်ပွဲအခမ်းအနားကို စက်တင် ဘာလ ၁၃ ရက်နေ့ က Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားလေးမှာတော့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော် တွေနဲ့ အတူ စာနယ်ဇင်းမီဒီယာက တာဝန်ရှိသူတွေကလည်း တက်ရောက်ခဲ့ကြပါတယ်။

play

 

ဒီ စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားမှာတော့ ပိုင်တံခွန်က '' ချစ်သူ ဆိုတဲ့ Album ထဲမှာ နယ်ပယ်အသီးသီးက မိန်းကလေးတွေရဲ့ အလှလေးတွေကို ဖန်တီးထားတဲ့သီချင်းလေးပါ။ ခေါင်းစဉ်ကိုတစ်ခုချင်းစီမပေးပဲနဲ့ အကုန်လုံးကို ခြုံပြီးတော့ ပေးလိုက်တဲ့ နာမည် လေးပေါ့။ သီချင်းတွေ အကုန်လုံးက ဆရာမ၊ တောသူ၊ သူဌေးမ တို့၊ တက္ကသိုလ်ကျောင်းသူတို့ ကိုရေးထားတာပေါ့နော်။ ဘယ်သူ့ကိုမှ ရေးထားတာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ မွေးနေ့မှာ ဒီအခွေလေးကိုရောင်းချမယ်။ရောင်းလို့ရတဲ့ငွေကိုအနန္တမေတ္တာ မိဘမဲ့ကျောင်းကို လှူဒါန်းမယ်။ ပရိသတ်တွေနဲ့လည်း အမှတ်တရဖြစ်တာပေါ့'' လို့ Duwun Media ကိုဖြေကြားခဲ့ပါတယ်။

 

play

 

မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်ကတော့ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေထဲမှာတော့သီချင်း(၅) ပုဒ်သာပါဝင်သွားမယ်လို့ ဆိုပါတယ်။ ချစ်သူ ဆိုတဲ့ Mini Album အတွက် တော့ Bo Bo Music Production က ထုတ်လုပ်ဖြန့်ချီသွားမယ်လို့ သိရပါတယ်။ ချစ်သူ အခွေအတွက် Promotin ပွဲလေးကိုလည်း စက်တင်ဘာလ ၁၆ ရက်နေ့ စနေနေ့ လှည်းတန်းစင်တာရဲ့ Outdoor မှာ ညနေ ၃ နာရီကနေ ၆ နာရီအထိ ကျင်းပပြုလုပ်သွားမယ် လို့ သိရပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ