Cele YatKwat: ငယ်ငယ်ကတည်းက တိုက်ကွမ်ဒို တတ်ခဲ့တာပါ ဆိုတဲ့ ယဉ်လက်

, updated

ဖေဖေခိုင်းလို့ သင်တန်းတွေ တတ်ခဲ့ရတယ်။

သရာစောထိရုပ်ရှင်ဇာတ်ကားကြီးမှာ နော်ပဲလော် ဆိုတဲ့ကောင်မလေးကာရိုက်တာနဲ့ ပရိသတ်အရှေ့ကိုရောက်ရှိလာမယ့်ယဉ်လက် ကတော့  ဒီရုပ်ရှင်ဇာတ်ကားကြီးအတွက် ဂစ်တာတီးသင်ခဲ့ရသလိုဖခင်ကသင်ပေးထားတဲ့ တိုက်ကွမ်ဒိုပညာကလည်း အသုံးဝင်ခဲ့ တယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

play

 

'' ဒီဇာတ်ကားထဲမှာ နော်ပလော်ဆိုတဲ့ကောင်မလေးက သူ့ဆရာအတွက် သူကိုယ်တိုင်သီချင်းရေးတယ်၊ သီချင်းဆိုတယ်၊ ဂစ်တာ ကိုယ်တိုင်တီးတဲ့ အခန်းတွေပါတယ်။ ညီမက အပြင်မှာ ဂစ်တာကိုယ်တိုင်မတီးတတ်ဘူး။ ဇာတ်ညွှန်းကို ရတဲ့ အချိန်မှာ အနည်းဆုံး တော့ Chord လေးကို မှန်အောင် ကိုင်နိုင်ဖို့ ညီမ ဂစ်တာသင်တန်းပြေးတတ်တယ်။ မိတ်ကပ်အပိုင်းဆိုရင်လည်း စုတ်ပေပေလေး နဲ့ဆိုတော့ ဘယ်လိုလိမ်းရမလဲမသိဘူးပေါ့ နောက်တော့မှ  လိမ်းကြည့်ရင်းနဲ့နေသားကျ သွားတာပါ။ အဝတ်အစားဆိုရင်လည်း ဒါရိုက်တာလိုချင်တဲ့ပုံစံအတိုင်းရအောင်ပြင်ဆင်ခဲ့ပါတယ်'' လို့သူကဆိုပါတယ်။

play

 

ဖိုက်တင်ဇာတ်ကားတွေနဲ့ ပရိသတ်တွေစသိခဲ့တဲ့ ယဉ်လက် ကတော့ ငယ်ငယ်ကတည်းက ဖခင်တက်ခိုင်းတဲ့ တိုက်ကွမ်ဒိုသင်တန်း ကိုတတ်ရောက်ခဲ့တာဖြစ်ပြီး ပင်ပန်းတော့ ငိုခဲ့တယ်လို့သိရပြီး သရာစောထိ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ကိုယ့်ကို ပညာ မတက်ဘူး ဆိုပြီး စော်ကားတဲ့သူတွေကို ပိုင်ပိုင်နိုင်နိုင်တိုက်ခိုက်နိုင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီး အခုလိုပြောပြခဲ့ပါ သေးတယ်။

'' ငယ်ငယ်ကတည်းက တိုက်ကွမ်ဒို တက်ခဲ့ပါတယ်။ ဒါကလည်း ဖေဖေခိုင်းလို့ သင်တန်းတွေတတ်ရတာပေါ့နော်။ ကျောင်းနဲ့ကျူရှင် အပြင် သင်တန်းတွေလည်းတတ်ရတော့ ငယ်ကလည်းငယ်တော့ ပင်ပန်းတော့ငိုတာပေါ့။ ဒါပေမယ့် အဖေက ကိုယ့်ကို Plan အရှည် ကြီး ဆွဲပြီးတော့ ကိုယ့်ဘဝ ဒီနေ့၊ ဒီအချိန်မှာ ဒီလိုဖြစ်လာအောင်လုပ်ပေးခဲ့တယ်ဆိုတာ အခုမှ သိတယ်။ အဲ့ဒီအတွက် ဖေဖေ့ကိုလည်းကျေးဇူးတင်ပါတယ်။ ဖေဖေကြောင့်ပဲ ဒီနေရာကို ရောက်လာတာပါ'' လို့သူကဆိုပါတယ်။

play

 

သရုပ်ဆောင် ယဉ်လက် ကတော့ သရာစောထိရုပ်ရှင်ဇာတ်ကားကြီးထဲကနေ ပရိသတ်ပိုသတိထားမိပြီး အားပေးမယ်ဆိုကျေနပ်တယ် လို့ ဆိုပါတယ်။သူ့အနေနဲ့ အခုလက်ရှိမှာ မျက်ခြယ် ရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ရေး နဲ့ ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေး တို့နဲ့ စာချုပ်ချုပ်ဆို ထားတာဖြစ်တဲ့အတွက် ဒီထုတ်လုပ်ရေးတိုက် နှစ်တိုက်နဲ့ အတူ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးသွားဖို့ရှိတယ်လို့ သိရ ပါတယ်။

Photo: ယဉ်လက် ဖေ့စ်ဘွတ်

See More

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ