Cele YatKwat: ဝေဖန်မှုတွေက ကိုယ့်အတွက်အသုံးဝင်တာရှိသလို အသုံးမဝင်တာလည်းရှိတယ်ဆိုတဲ့ အောင်မင်းခန့်

ဝေဖန်မှုတိုင်းကိုလက်ခံပါတယ်။

MRTV-4 ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကြောင့် အနုပညာလောကမှာ နေရာတစ်နေရာ ရရှိလာ ခဲ့တဲ့ သရုပ်ဆောင်အောင်မင်းခန့်ကတော့ ကြိုးစားနေဆဲအနုပညာရှင်တစ်ယောက် ဖြစ်တဲ့အတွက် ပရိသတ်တွေဆီက ကောင်းခြင်း ဆိုးခြင်းဝေဖန်မှုတွေနဲ့ပတ်သက်ပြီး အနုပညာအလုပ်စလုပ်ပြီဆိုကတည်းက ဘယ်လိုတွေ ကြုံလာရမှာလဲဆိုတာ ကြိုတွေးပြီးသားဖြစ် လို့ ဝေဖန်မှုတိုင်းကိုလည်း ကြိုဆိုပြီးသားပါလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

''ကျွန်တော်တို့ ဒီအလုပ်လုပ်ပြီဆိုတာနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို ကြိုတွေးပြီးသားပါ။ မလုပ်ခင်တုန်းကလည်း အနုပညာရှင် တစ်ယောက်ဖြစ်လာမယ် ပရိသတ်လက်ခံတဲ့လူတစ်ယောက်ဖြစ်လာမယ်ဆိုရင်ဘယ်လိုမျိုးတွေ ဖြစ်လာမလဲ၊ ကြုံရမလဲဆိုတာ ကို ကျွန်တော်က ကြိုတွေးပြီးသားပါ။ ဝေဖန်မှုတွေအားလုံးကိုလည်း ကျွန်တော်လက်ခံပါတယ်၊ ကြိုဆိုပါတယ်။ ပရိသတ်ဝေဖန်မှု တွေမှာ လည်း တစ်ခါတစ်လေကျရင် ကိုယ့်အတွက်အသုံးဝင်တာတွေရှိသလို တစ်ခါတစ်လေကျရင် အသုံးမဝင်တာတွေလည်းရှိပါတယ်။ အဲ့ဒီအခါမှာဆိုရင်တော့ သေချာ စိစစ်ရတာပေါ့နော်'' လို့ သူက ဆိုပါတယ်။

play

 

ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေပေးတဲ့ Comment တွေကိုလည်း ဝင်ကြည့်ဖြစ်တဲ့အခါမှာ ကောင်းတဲ့ဝေဖန်မှုလေး တွေကြောင့် စိတ်ချမ်းသာရတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

 

'' ပဉ္စလက်ရွာ ဇာတ်လမ်းတွဲရဲ့ Page ထဲ ဝင်ကြည့်တယ်။ အပိုင်းတစ်ပိုင်းချင်းစီက Comment လေးတွေကြည့်ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော့်ကို အားပေးခဲ့ကြတယ် ဘာပဲပြောပြောကောင်းစကားတွေ၊ ချီးမွန်းစကားတွေ ပြောကြတာကို တွေ့ရတဲ့အတွက် ဘာပဲပြော ပြော ကျွန်တော်ပင်ပန်းရကျိုးနပ်တာပေါ့နော်။ လူတစ်ယောက်မှာက ချစ်တဲ့လူလည်းရှိသလို မချစ်တဲ့လူလည်းရှိတာပေါ့နော် ဒါက တော့ ကိုယ့်ကိုချစ်တဲ့လူတွေလည်း ပိုပြီးတော့ချစ်သွားအောင်၊ ကိုယ့်ကို မုန်းတဲ့သူ တွေကိုလည်း ကိုယ့်ကိုချစ်လာအောင် ကျွန်တော် တို့က လုပ်ရမှာပေါ့နော်'' လို့ Duwun Media ကနေ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

play

 

ပဉ္စလက်ရွာဇာတ်လမ်းတွဲရဲ့ Page အောက်က Comment တွေကို ဖတ်ဖြစ်တဲ့ အောင်မင်းခန့်ကတော့ ပဉ္စလက်ရွာဇာတ်လမ်းတွဲ လေး မှာ ပင်ပင်ပန်းပန်းရိုက်ထားရတဲ့ ဇာတ်ကားလည်းဖြစ်သလို ပရိသတ်ကြည့်ရတာ တန်တဲ့ဇာတ်ကားလေးလည်းဖြစ်မယ်လို့ သူကဆိုပါတယ်။

Photo: အောင်မင်းခန့်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ