မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပပြုလုပ်တဲ့ ၅၄ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားကို အနုပညာရှင် တွေ စုံစုံလင်လင်နဲ့ တက်ရောက်လာကြတဲ့ အပေါ် အမှတ်တရစကားသံနဲ့ အတူ ဝမ်းသာပီတိဖြစ်ရတယ် ဆိုတဲ့ အကြောင်းကိုလည်း ကန်တော့ခံ ဝါရင့်အနုပညာရှင်တစ်ဦးလည်းဖြစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးရဲ့ နာ.ယ.ကကြီးတစ်ဦးလည်းဖြစ်တဲ့ ဦးဌေးအောင် က Duwun Media ကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ဒီလိုနေ့မျိုးတွေက ဒို့အတွက်မှာ သိပ်ဝမ်းသာစရာကောင်းတယ်။ ကိုယ်တွေရုပ်ရှင်သက်တမ်းကလည်း ၆၄ နှစ်ရှိပြီ အရင်တုန်းက အပေါင်းအသင်းတွေဆိုတာကလည်း မရှိကြတော့ဘူးလေ ကိုယ်တွေဆိုရင် အသက် ၈၆ နှစ်ရှိပြီ။ ကိုယ့်လို ကျန်းမာတဲ့လူ သိပ်မတွေ့ရ ဘူး။ အဲ့ဒီအတွက်တော့ စိတ်မကောင်းပါဘူး ဒါပေမယ့် တခြားလူတွေလည်း စုံစုံညီညီတက်ရောက်ကြတာကို မြင်ရတဲ့အတွက် ကြောင့် လည်း ဝမ်းသာပါတယ်။ ဒီနေ့က ကိုယ်တွေ အနုပညာရှင်လူဟောင်းကြီးတွေကို နှုတ်ဆက်ခွင့်ရတာနဲ့ကို ဝမ်းသာပါတယ်။ တစ်ခုစိတ် မကောင်းတာက ကိုယ်ကလိုက်နှုတ်ဆက်နိုင်ပေမယ့် နေမကောင်းတဲ့လူကများတယ်လေ တချို့ဆို လာတောင်မလာနိုင်တော့ဘူး၊ ကိုယ်နဲ့အတူ တွဲရိုက်ခဲ့တဲ့ သရုပ်ဆောင်တွေကိုလည်း မမှတ်မိလို့ မေးရတာမျိုးတွေရှိတယ်။ ဒါကြောင့် ဒီနေ့လို နေ့ရက်မျိုးတွေကို အမြဲတမ်းမျှော်နေပါတယ်'' လို့ သူကဆိုပါတယ်။

play

 

အနုပညာအလုပ်အပေါ်အမြဲတမ်းကြိုးစားနေကြတဲ့ သရုပ်ဆောင်တွေတိုင်း အတွက်ကိုလည်း ဝါရင့်သရုပ်ဆောင်ကြီးတစ်ဦးအဖြစ်နဲ့ စည်းစနစ်တကျရိုက်ကူးတဲ့ ပုံစံလေးတွေလည်း မပြောင်းစေချင်သလို ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းဖို့ အတွက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

 

'' တချို့တွေ ဝေဖန်တာအများကြီးပေါ့၊ ရုပ်ရှင်က ဘာဖြစ်တယ်၊ ဘယ်လိုတွေဖြစ်ကုန်တယ်၊ မကောင်းဘူး ဆိုတော့ သက်သာမှုနောက် ကို လိုက်ရင်းနဲ့ အရည်အချင်းတွေပျောက်ကုန်တယ်ဆိုသလိုပေါ့၊ ပြီးတော့ ခေတ်နောက်ကိုလိုက်ခြင်းနဲ့လည်း ဂါရဝတရားတွေပျောက် ကုန်တယ်။ ဘာပဲပြောပြော အခြေအနေကြောင့် သူတို့လုပ်ကြတာလေ မကောင်းဘူးလို့လည်းပြောလို့မရဘူး၊ သူ့ခေတ်နဲ့သူ ဒါပေမယ့် ကိုယ့်ရိုးရာ မြန်မာ့ရုပ်ရှင်ရဲ့ နည်းပညာလေးတွေ ရှေ့က လူကြီးတွေရိုက်လာတဲ့ ပုံစံလေးတွေတော့ မပျောက်စေချင်ဘူး။ ခုန်ပျံ ကျော်လွှားတော့ မှန်ပေမယ့် သူ့စည်းစနစ်လေးတွေ တို့ လူကြီးတွေရိုက်ခဲ့တဲ့ ပုံစံလေးတွေတော့ မပျောက်စေချင်ဘူး ဒါပေမယ့် ယဉ်ကျေးမှုအမွေအနှစ်ကလေးတွေကိုလည်း ထိန်းသိမ်းကြဖို့ ပြောချင်ပါတယ်'' လို့ Duwun Media ကနေ ဖြေကြားခဲ့ပါတယ်။

play

 

ဦးဌေးအောင်အနေနဲ့ ၅၄ ခုနှစ်ကစပြီး အနုပညာလောကထ မင်းသားစဖြစ်ခဲ့ပြီး အနုပညာသက်တမ်း ၆၄ နှစ်ရှိပြီလို့သိရပါတယ်။ အခုလက်ရှိမှာလည်း ယဉ်ကျေးမှုတက္ကသိုလ်မှာ အပ်ပါမောက္ခ တစ်ဦးအဖြစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ နောက်ထပ်လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးရဲ့ နာ.ယ.က အဖွဲ့ဝင် လူကြီးတစ်ယောက်အနေနဲ့ပါ တာဝန်ထမ်းဆောင်လျှက်ရှိတယ်လို့ ဆိုပါ တယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video