Cele YatKwat: ခင်ပွန်းလောင်းက ယုံကြည်အားကိုးရမယ့်လူတစ်ယောက်လို့ ဆိုလိုက်တဲ့ နန်းမြတ်ဖြိုးသင်း

အလုပ်နဲ့ ပတ်သက်လို့လည်း သူကနားလည်ပေးထားတယ်။

သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းကတော့ နိုဝင်ဘာလအတွင်းမှာပဲ မင်္ဂလာပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်ပြီး သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက် ပြီးတော့လည်း ပရိသတ်ကို လိမ်ထားတာ မဟုတ်သလို ဖုံးကွယ်ထားတာလည်း မဟုတ်ပါဘူးဆိုတဲ့ အကြောင်းနဲ့ သူ့ရဲ့ ခင်ပွန်းလောင်း ကလည်း သူ့အတွက် ယုံကြည်ရမယ့် လူတစ်ယောက် ဖြစ်တဲ့အကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အချစ်ရေးနဲ့ပတ်သက်ပြီး သိုသိပ်တယ်ဆိုတာထက် နန်းမြတ်က မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့စိတ်ခံစားချက် နဲ့ ပတ်သက်ပြီး အများကြီးမပြောပြဖြစ်ပါဘူး။ ဒါပေမယ့် ပရိသတ်ကို သက်သက်ကြီး လိမ်ပြီးတော့ ဖုံးကွယ်ထားတာမျိုးလည်း မဟုတ်ပါ ဘူး။ အဲ့ဒီတော့ တကယ်လိုအပ်ပြီဆိုတဲ့အချိန်ကြမှာသာ ပြောပြဖို့အဆင်သင့်ပဲပေါ့နော် အဲ့ဒီလို သဘောလေးပါ။ Pre Wedding ပုံတွေ ကလည်း ဟိုးအရင်ကတည်းက  Europe မှာရိုက်ဖို့ စိတ်ကူးထားတာ ဆိုတော့ နန်းမြတ် တကယ်အိမ်ထောင်ပြုမယ့်အချိန်ကျတော့ အကောင်အထည်ဖော်ဖြစ်တဲ့သဘောပါပဲ။ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ ၂၆ ၊ ၂၇ ပါ ။ ၂၆ ကတော့ ဆီဒိုးနားမှာ ၊ ၂၇ ကတော့ အင်းယားလိပ် မှာပါ'' လို့ သူကဆိုပါတယ်။

play

 

မကြာခင်မှာ အိမ်ထောင်ရှင်တစ်ယောက်ဖြစ်တော့မယ့် သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းအနေနဲ့ အနုပညာအလုပ်ကို ဆက်လုပ်သွားဦး မှာဖြစ်ပြီး သူ့ရဲ့ အိမ်ထောင်ဖက်ကလည်း အလုပ်အပေါ်ကို နားလည်ပေးနိုင်တဲ့ လူတစ်ယောက်ဖြစ်တဲ့ အကြောင်းကိုလည်း ပြောပြ ခဲ့ပါသေးတယ်။

 

'' အိမ်ထောင်ပြုပြီးရင်လည်း အနုပညာအလုပ်တွေဆက်လုပ်သွားမှာပါ။ အလုပ်နဲ့ပတ်သက်လို့ သူကတော့ နားလည်ပေးထားတယ်။ ဘာမှလည်း ဝင်မလုပ်ဘူး၊ မစွပ်ဖက်ဘူး ကိုယ်နဲ့ ကိုယ့်အစ်မပဲ တိုင်ပင်ပြီးလုပ်ဖြစ်တာများတယ်။ သူနဲ့ကိုယ့်ကြားမှာ ထွေထွေထူးထူး အမှတ်တရရယ်လို့တော့မရှိပါဘူး ကိစ္စတိုင်းကတော့ အမှတ်တရဖြစ်ပါတယ်။ သူကတော့ နန်းမြတ်အတွက် ယုံကြည်အားကိုးရမယ့် လူတစ်ယောက်လို့ ထင်ပါတယ်။'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းကတော့ သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာနဲ့ မင်္ဂလာဆောင်မယ့် သတင်းကို စက်တင်ဘာလအတွင်းက ကြေငြာခဲ့တာဖြစ်ပြီး ပရိသတ်တွေအားလုံးကလည်း တအံ့တသြဖြစ်ခဲ့ရပါတယ်။ ချစ်သူသက်တမ်း သုံးနှစ်ခွဲလောက်ရှိပြီး ခင်ပွန်းလောင်းက နန်းမြတ်ထက် လေးနှစ်ကြီးတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ် များကို အဆက်မပြတ်အောင်လုပ်ကိုင်နေသလို မင်္ဂလာပွဲအတွက်လည်း စီစဉ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo: နန်းမြတ်ဖြိုးသင့်ဖေ့ဘုတ်ပေ့ခ်ျ ၊ The Visual Art Studio

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ