Cele YatKwat: မွေးနေ့မှာ ရုပ်ရှင်သက်ကြီးပူဇော်ပွဲနဲ့တိုက်ဆိုင်တဲ့အတွက် အလှူလေးလုပ်ဖြစ်ခဲ့တယ် ဆိုတဲ့ မေမြတ်နိုး

ရိုက်ကူးရေးအတွက်ပြင်ဆင်နေရလို့ ကျန်းမာရေးမကောင်းဘူး။

သရုပ်ဆောင်မေမြတ်နိုးကတော့ အောက်တိုဘာလ ၁၃ ရက်နေ့က ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့ပွဲက ရုပ်ရှင်သက်ကြီးပူဇော်ပွဲ နဲ့ တိုက်ဆိုင်နေတဲ့အတွက် စတုဒီသာအလှူလေး လုပ်ခဲ့သေးတယ်လို့ဆိုပါတယ်။ ဒိုင်ယာရီရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ပြင်ဆင်နေရတဲ့အပိုင်းတွေမှာလည်း ပင်ပန်းနေတာကြောင့် ကျန်းမာရေးလည်း သိပ်မကောင်းဘူးလို့ Duwun Media ကိုပြောပြ ခဲ့ပါတယ်။

play

 

'' မြတ်နိုးရဲ့ မွေးနေ့နဲ့ သက်ကြီးပူဇော်ပွဲနဲ့က အမြဲတမ်းတိုက်တယ်၊ အဲ့ဒီတော့ ထုံးစံအတိုင်းနေရာလေးတစ်ခုယူပြီးတော့ အလှူလေး လုပ် ဖြစ်တယ်၊ ပြီးတော့ သူငယ်ချင်းတွေလှူတာကိုလည်း လိုက်ပြီးတော့အားပေးဖြစ်ပါတယ်။ ဒီလိုလှူဒါန်းရတာဖြစ်တဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်။ ဒါပေမယ့် မြတ်နိုးနေမကောင်းပေမယ့်လည်း မရောက်ရောက်အောင်လာတယ်။ ဒီလိုမျိုးတွေ တွေ့လိုက်ရ တော့လည်း စိတ်ချမ်းသာပြီး နေမကောင်းတာတောင် တစ်ဝက်လောက် ပျောက်သွားသလိုပါပဲ'' လို့ သူကဆိုပါတယ်။

play

 

Pre Production အတွက် ကော့သောင်းကို ခရီးထွက်ရင်း ပင်ပန်းသွားတာကြောင့် အားပျက်ပြီး ကျန်းမာရေးမကောင်းဖြစ်သွားတဲ့ အကြောင်းကိုလည်း အခုလိုပြောကြခဲ့ပါသေးတယ်။

 

'' အနုပညာရှင်တော်တော်များများကလည်း အစာအိမ်နဲ့ နှလုံးရောဂါနဲ့ မကင်းကြဘူးလေ။ အဲ့ဒါကြောင့် မြတ်နိုးလည်း အားပျက် သွားတာလည်း ပါပါတယ်။ ကော့သောင်းမှာ Pre Production အတွက်ခရီးသွားကြတာ အဲ့ဒါလေး နည်းနည်း ပင်ပန်းသွားတာပါ။'' လို့ မေမြတ်နိုးက ပြောပါတယ်။

play

 

အနုပညာသက်တမ်းနုသေးတဲ့ မေမြတ်နိုးကတော့ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ်ပါဝင်ရိုက်ကူးမယ့် ဒိုင်ယာရီရုပ်ရှင် ဇာတ်ကားကြီးအတွက် ဒါရိုက်တာနဲ့အတူ ပါဝင်ကြမယ့် စီနီယာသရုပ်ဆောင်တွေနဲ့ပူးပေါင်းပြီး လေ့လာပြင်ဆင်နေတယ် လို့သိရပါ တယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ