Cele YatKwat: သရုပ်ဆောင်ဘက်ကို အားသန်တဲ့အတွက် ကြိုးစားနေတယ်ဆိုတဲ့ ဂျာဆိုင်းအိန်

ရုပ်ရှင်ဇာတ်ကားတွေရိုက်ထားပါတယ်။

Miss Myanmar World 2nd Runner Up ဆုရရှိထားတဲ့ ဂျာဆိုင်းအိန် ကတော့ ပြိုင်ပွဲကြီး ပြီးသွားကတည်းက သရုပ်ဆောင်ဘက်ကို ခြေလှမ်းစပြီး ကြိုးစားနေတာဖြစ်ပြီး သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးထားတာရှိသလို လေ့လာသင်ယူဖို့အတွက် အများကြီး ကျန်သေးတဲ့ အကြောင်းကိုလည်း Duwun Media ကနေတဆင့်ပြောပြခဲ့ပါတယ်။

play

 

'' ပြိုင်ပွဲကြီးပြီးသွားတဲ့အချိန်မှာ အနုပညာလှုပ်ရှားမှုတွေကတော့ရှိပါတယ်။ ညီမကသရုပ်ဆောင်ဘက်ကိုအားသန်တဲ့အတွက် ရုပ်ရှင်ဇာတ်ကားတွေလည်းရိုက်ဖြစ်ပါတယ်။ မနောမြေမှကျောက်စိမ်း ကမ္ဘာရုပ်ရှင်ဇာတ်ကားကြီးထဲမှာပါဝင်သရုပ်ဆောင်ထားတယ်။ ပြီးတော့ ကိုခါရာ တို့နဲ့လည်း ရိုက်ထားတာရှိတယ်။ ပြီးတော့ Original Gangster 3 မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီမိုကရေစီရက်သတ္တပတ်အတွက်ရိုက်ကူးထားတဲ့ တိမ်ပြာသောနေ့ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ ပါသေး တယ်။ သရုပ်ဆောင်ဘက်မှာက စိတ်ရော လူရော နစ်ပြီးတော့သရုပ်ဆောင်ရတာဖြစ်တဲ့အတွက် ဇာတ်ကောင်အပေါ်မှာကိုယ်က လုံးဝကို Change လိုက်ရတယ်၊ Miss တစ်ယောက်အနေနဲ့ကတော့ ကိုယ်ပိုင်ဘဝပုံစံပဲရှိတယ်။ သရုပ်ဆောင်တစ်ယောက်ကျတော့ ကိုယ်မဟုတ်တဲ့တခြားတစ်ယောက်ပုံစံ ဖြစ်သွားအောင်ကြိုးစားရတယ်'' လို့ သူကဆိုပါတယ်။

play

 

Model တစ်ယောက်အနေနဲ့တုန်းကရော Miss တစ်ယောက်အဖြစ်နဲ့ပါ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့တဲ့ ဂျာဆိုင်းအိန်ကတော့ သရုပ်ဆောင်ဘက်မှာရော သူ့ရဲ့ ပရိသတ်တွေက ဘယ်လိုအကြုံပြုစကားတွေ ပြောလေ့ရှိသလဲဆိုတာကို  အခုလိုပြောပြခဲ့ပါတယ်။

 

'' ညီမလည်း အခုမှကြိုးစားနေဆဲ လေ့လာသင်ယူနေဆဲဖြစ်တဲ့အတွက် အများကြီးကြိုးစားရဦးမယ်။ ရိုက်ထားတဲ့ ဇာတ်ကားတွေက လည်း ထွေလာတော့ထွက်ပြီ ရုံတော့မတင်ရသေးဘူး။ ထွေလာတွေထွက်လာပေမယ့်လည်း ပရိသတ်တွေက သေချာပြောပြပေး တယ်။ ဘာလေးကိုတော့ ဘယ်လိုလေးလုပ်ရင်ပိုကောင်းမယ်။ ဒီလိုလေးလုပ်တာလည်း ကောင်းပါတယ်။ ဆိုပြီးတော့ အကြံဥာဏ်တွေ ပေးမယ် ။ သူတို့ပြောတဲ့အပေါ်မှာလည်း ညီမပြန်ပြီးတော့ သင်ယူလေ့လာရတာပေါ့နော်။ အားလုံးဆီကတော့ သင်ယူလေ့လာစရာ တွေအများကြီးပါပဲ'' လို့ ဂျာဆိုင်းအိန်က ဆိုပါတယ်။

play

 

ဂျာဆိုင်းအိန် အနေနဲ့ အနုပညာနဲ့ပတ်သက်လာရင် ဘာတွေလုပ်နေသလဲ၊ ဘယ်လိုကြိုးစားနေသလဲဆိုတဲ့ Activity တွေကို လူမှုကွန် ယက်ကနေတဆင့် ပရိသတ်ကို ချပြလေ့ရှိတယ်လို့ဆိုပါတယ်။

Photo: Duwun, ဂျာဆိုင်းအိန် ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ