Cele YatKwat: အူဝဲရဲ့ ပရိသတ်တွေဆန္ဒပြည့်မှာပါလို့ဆိုလိုက်တဲ့ ဒါရိုက်တာဝိုင်း

အူဝဲကိုပဲ ကမ်းလှမ်းခဲ့တာပါ။

ရင်ဘတ်ထဲက ဓား ရုပ်ရှင်ဇာတ်ကားကြီးကို ဖန်တီးသူ ဒါရိုက်တာဝိုင်းကတော့ ဇာတ်ကားရဲ့ မင်းသမီးနေရာအရ အိန္ဒြာကျော်ဇင်ကိုပဲ အဓိက ရွေးချယ်ခဲ့တာဖြစ်ပြီး အူဝဲရဲ့ ပရိသတ်တွေက အကယ်ဒမီရစေချင်တဲ့ ဆန္ဒအပေါ်မှာလည်း ပြည့်မှာပါလို့ Duwun media ကနေတဆင့်ပြောပြခဲ့ပါတယ်။

play

 

'' ဒီဇာတ်ကားနဲ့လိုက်တာတော့ မင်းသမီးထဲမှာလည်း မင်းသမီးကတော့ဘယ်သူ့ကို မဆိုကမ်းလှမ်းရင်ရိုက်ကြမှာပဲ ဒီဇာတ်က မင်းသမီးဇာတ်ကိုး။ သို့သော်လည်း တကယ့်တကယ်လိုက်တာ ၂ ယောက်လောက်ပဲရှိတာပါ။ အူဝဲကတော့ ဒီထဲမှာ နံပတ် ၁ပေါ့နော်။ အူဝဲကိုပဲ ကမ်းလှမ်းခဲ့တာပါ။ မင်းသားကတော့ အမှန်အတိုင်းပြောရရင် တီတီ့ကို ရိုက်မယ်လို့တောင်မထင်ပါဘူး။ သူက ရိုက်ရဲတယ် ဆိုတဲ့အခါကျတော့  တစ်ခွန်းတည်းပြောပါတယ် တီတီနော် ဖြည်ပေးလို့မရဘူးနော်၊ ဖြည်ရင် ဇာတ် ပျက်မှာဆိုတော့ သူက မဖြည်နဲ့ ရတယ်ဆိုတာနဲ့ ဇာတ်ညွှန်းရေးကြည့်တာ ရိုက်တဲ့အခါကျတော့လည်း တီတီ့အနေနဲ့ ဇာတ်ပေါ်မှာ သစ္စာရှိရှိနဲ့ သူ့တာဝန် သူကျေအောင် လုပ်သွားပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ပြေတီဦးနဲ့ အူဝဲတို့က လင်မယားတွေဆိုပေမယ့် အပြင်ကအိမ်ထောင်ရေးကတော့ သာယာနေပါတယ်။ ဇာတ်ကားထဲက ဇာတ်ကောင်ပုံစံကိုတော့ တစ်ယောက်နဲ့တစ်ယောက် မညှာတမ်း ပြတ်ပြတ်သားသား သရုပ်ဆောင်သွားတဲ့ အပေါ်မှာလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

 

'' လင်မယားဖြစ်တယ်ဆိုတာကလည်း သူတို့အပြင်က အိမ်ထောင်ရေးက သာယာပါတယ်။ ဒီလိုသတ်ပုတ်နေကြတာ မရှိပါဘူး။ ဒီဇာတ်ကားထဲမှာကျတော့ နှစ်ယောက်က ပရော်ဖက်ရှင်နယ်လ် ပီသစွာ ကိုယ့်ရဲ့ စရိုက်အတိုင်း ကိုယ်လုပ်စရာရှိတာကို ပြတ်ပြတ် သားသား မညှာတမ်းလုပ်သွားတယ်ဆိုတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားကို ပြင်ဆင်ချိန်ကနေစပြီးတော့ ဇာတ်ကား ဆုံးတဲ့အထိ ကျွန်တော်၊တီတီ၊ အူဝဲ၊ မခိုင်ကြီးတို့အားလုံးက အာရုံစူးစိုက်မှုကောင်းခဲ့တယ်။ အဲ့ဒီအာရုံစူးစိုက်မှုကြောင့် ရလာဒ်ကောင်းရတာ အာရုံစူးစိုက်မှုမကောင်းရင် ဒီလိုမျက်လုံး၊ ဒီလိုအိုက်တင်မျိုးမရဘူး။ ဒီထဲမှာပါဝင်ပတ်သက်တဲ့ သူတွေအားလုံး ရော ကျွန်တော့် အဖွဲ့သားတွေကိုလည်း ကျေးဇူးတင်ပါတယ်'' လို့ ဆိုပါတယ်။

play

 

ဇာတ်ကားတိုင်းကတော့ မတူညီတဲ့အခက်အခဲတွေအများကြီးပါ၊ ဒီဇာတ်ကားတစ်ကားလုံးခြုံကြည့်ရင်တော့ အားရကျေနပ်ပြီး နောက်ထပ်ဇာတ်ကားတွေကိုလည်း ဒီ့ထက်အားရကျေနပ်မှုရှိအောင် ပိုပြီးတော့ ကြိုးစားရမယ်လို့ဆိုပါတယ်။ ရင်ဘတ်ထဲက ဓား ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး အူဝဲရဲ့ ပရိသတ်တွေက အူဝဲအတွက် အကယ်ဒမီမှန်းထားတယ်ဆိုတာကြောင့် သူတို့ ဆန္ဒပြည့် မှာပါလို့ ဒါရိုက်တာဝိုင်းက ပြောပြခဲ့ပါတယ်။

Photo:Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ