Cele YatKwat: သန္တာဆိုတဲ့ ကောင်မလေးကာရိုက်တာအတွက် အသားတွေမဲခဲ့ရတဲ့ ရွှေသမီး

ဆေးရောင်းတဲ့ ကောင်မလေးတစ်ယောက်ပေါ့။

မကြာခင်က ဒါရိုက်တာစတီးရိုက်ကူးတဲ့ ဖွားဖက်တော်ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေသမီးကတော့ အဲ့ဒီ ဇာတ်ကား မှာ ဆေးရောင်းတဲ့ ကောင်မလေးတစ်ယောက်ကာရိုက်တာနဲ့သရုပ်ဆောင်ထားပြီး ဒီကာရိုက်တာအတွက် အသားတောင် မဲထားရတဲ့ အကြောင်းကို Duwun media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဖွားဖက်တော်ဇာတ်ကားထဲမှာဆိုရင် သန္တာဆိုတဲ့ ကောင်မလေးပေါ့နော်။ ရပ်ကွက်ထဲမှာဆေးဆိုင်ဖွင့်ထားတယ် ဆေးရောင်းတဲ့ ကောင်မလေးပေါ့။ ကာရိုက်တာလေးကတော့ အေးအေးဆေးဆေးလေးပါပဲ၊ ရပ်ကွက်ထဲက ကောင်မလေးတစ်ယောက်ပေါ့။ ကိုယ်က ရပ်ကွက်ထဲကကောင်မလေးတစ်ယောက်လည်းဖြစ်တယ် ပြီးတော့အလုပ်ကို လမ်းလျှောက်ပြီး ပြန်တော့ အသားတွေမဲထားတာ တော့ ရှိတယ်'' လို့ဆိုပါတယ်။

play

 

ရွှေသမီးရဲ့ နောက်ထပ်ထူးခြားတဲ့ အနုပညာလှုပ်ရှားမှုအကြောင်းတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

 

'' ညီမ မဟုတ်တဲ့ပုံစံ ကာရိုက်တာမျိုးတွေရိုက်ထားတာတော့ရှိပါတယ်။ ရုံတင်လာရင်တော့ ပရိသတ်ကြီးကိုကြိုပြီးတော့ အသိပေးမှာ ပါ။ နောက်ထပ် ညီမလက်ခံထားတဲ့ဇာတ်ကားလေးတွေရှိပါတယ်။ နယ်မှာသွားရိုက်မယ့် ဇာတ်ကားလေး တွေလည်းရှိပါ တယ်'' လို့ သူကဆိုပါတယ်။

play

 

အနုပညာနဲ့ပတ်သက်ပြီး သရုပ်ဆောင်အလုပ်ကိုပဲ အဓိကထားဆောင်ရွက်သွားမယ်ဆိုတဲ့ ရွှေသမီးကတော့ ယနေ့အချိန်ထိ သူ့ကို အားပေးနေကြတဲ့ပရိသတ်တွေကိုအရမ်းကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့လည်း အားပေးတဲ့ ပရိသတ်တွေအတွက် အနုပညာအရည်အချင်းတွေဒီ့ထက်ပိုကောင်းအောင် ကြိုးစားသွားမယ့်အကြောင်းကိုလည်း Duwun media ကနေပြောပြခဲ့ပါတယ်။

Photo: ရွှေသမီးဖေ့စ်ဘွတ်ပေ့ခ်ျ

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ