Cele YatKwat: ဦးမျိုးနဲ့ပဲရုပ်ရှင်ဇာတ်ကားကြီး ထပ်ရိုက်သွားမယ်ဆိုတဲ့ လိုင်လာခန်း

သရဲဇာတ်ကားလေးပါ။

တိုက်ဆိုင်မှုရှိရင် ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး မြန်မာရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူ မြန်မာပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရခဲ့ တဲ့ သရုပ်ဆောင်လိုင်လာခန်း ကတော့ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားထပ်ရိုက်ဖို့ရှိတဲ့ အကြောင်းကိုလည်း Duwun Media ကိုပြောပြခဲ့ပါတယ်။

play

 

'' အစ်မ အခု ဦးမျိုးနဲ့ပဲ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားရိုက်ဖို့ရှိပါတယ်။ သရဲကားလေးပါ ဟာသ သရဲကားဖြစ်ဖို့များပါတယ်။ ဇာတ်ကား ပုံစံလေးကိုတော့ မပြောပါရစေနဲ့ဦးနော်။ အစ်မရဲ့ Fan တွေအတွက်လည်း ကောင်းတဲ့ရုပ်ရှင်တွေပဲထုတ်ပေးသွားဖို့ ရှိပါတယ်။ ရုပ်ရှင် ကြည့်ပြီးသွားရင် တိုက်ဆိုင်မှုရှိရင် ဇာတ်ကားလို၊ ရာဇဝင်ရိုင်းသူများ ဇာတ်ကားလို ကျေကျေနပ်နပ်ကြီး နဲ့ ကိုယ့်ကို အရမ်း မေတ္တာ တွေပေးပြီးတော့ ထွက်လာတဲ့ရုပ်ရှင်မျိုးကို ထပ်ပြီးတော့ အများဆုံးရိုက်နိုင်အောင်ကြိုးစားပါ့မယ်'' လို့ သူကဆိုပါတယ်။

play

 

အနုပညာအလုပ်နဲ့ စီးပွားရေး တွဲလုပ်နေရတဲ့အခါမှာ ဘယ်အရာကို ပိုပြီး အဓိကထားဆောင်ရွက်သွားမှာလဲဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။

 

''  Rhythm & Stle academy ကိုပြောတာပေါ့နော် အခု တစ်နှစ်ပြည့်သွားတဲ့နောက်ပိုင်းမှာ အားလုံးလည်းသိလာကြပြီ။ ပိုပြီးတော့ လည်း အဆင်ပြေလာတယ်။ Styling Class တွေက ပိုပြီးလူများတာကို တွေ့ရပါတယ်။ တစ်ခါတစ်လေကျတော့လည်း ကိုယ့်မြန်မာ နိုင်ငံ ရဲ့ Culture ကိုကြည့်ရတယ်။ အခြေအနေတွေအများကြီးကို ကြည့်ရတဲ့အခါ နှောင့်နှေးသွားတာလေးတွေတော့ရှိပါတယ်။ အနုပညာဆိုတာက တစ်သက်လုံးလုပ်လို့မရဘူးလေ စီးပွားရေးတစ်ခုကိုလည်း ဇောက်ချပြီးလုပ်တဲ့အခါမှာ အစ်မက စီးပွားရေးလုပ် တာ ကိုလည်းစိတ်ဝင်စားတယ်။ ကိုယ်က M.B.A နဲ့လည်း ကျောင်းပြီးထားတာဆိုတော့ စီးပွားရေးကို ပိုပြီးတော့ အားတက်သရော လုပ်နိုင်တယ်ဆိုတော့ ပျော်ပါတယ်'' လို့ဆိုပါတယ်။

play

 

ဘောလိဝုဒ် မင်းသမီးတစ်ယောက်လည်းဖြစ်၊ မြန်မာနိုင်ငံရဲ့ အနုပညာလောကထဲမှာလည်း ကျင်လည် လှုပ်ရှားလာတဲ့ လိုင်လာခန်း ကတော့ တိုင်ဆိုင်မှုရှိရင် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူ မြန်မာပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်ခဲ့ပါတယ်။ နောက် ထပ် ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်ရဲ့ အားပေးမှုကို ထပ်မံရရှိလာခဲ့ပါသေးတယ်။ ရိုက်ခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားကြီး ၂ ကားစလုံးကလည်း ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) နဲ့ရိုက်ကူးခဲ့သလို နောက်ထပ်လည်း ရုပ်ရှင် ဇာတ်ကား  ကြီး တွေ ဆက်ရိုက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Photo: လိုင်လာခန်းဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ