Cele YatKwat: သားလေးကို အနုပညာရှင်တစ်ယောက် ဖြစ်စေချင်တဲ့ ဆုပန်ထွာ

ချစ်စရာကောင်းတဲ့အကြောင်းတေတွကိုလည်း ပြောပြခဲ့ပါသေးတယ်။

သရုပ်ဆောင်ဆုပန်ထွာကတော့ အနုပညာအလုပ်တွေလုပ်နေရတဲ့အပြင် မိသားစုအတွက်အချိန်ပေးရတဲ့အပေါ်မှာလည်း သားလေး Roar Kyaw ရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကို ပြန်လည်မျှဝေခဲ့ပြီး သားလေးအပေါ်မှာ ဖြစ်စေချင်တဲ့ မိခင်တစ်ယောက် ရဲ့ ဆန္ဒကိုလည်း Duwun Media ကနေတဆင့်ပြောပြခဲ့ပါတယ်။

play

 

'' အခုဆိုရင် တစ်နှစ်ကျော်သွားပြီပေါ့နော်။ တွန်းလှည်းလေးတွေတွန်းပြီး သူ့ဘာသာလျှောက်နိုင်နေပြီ။ အစ်မကတော့ Record လေးတွေ အမြဲလုပ်လုပ်ထားတာပေါ့နော်။ ဟိုတစ်နေ့က သူက ဦးချိန်တီစားလို့ဆိုပြီးတော့ မေမေကကျွေးနေတာဆိုတော့ မေမေ အများကြီး မကျွေးနဲ့ပေါ့ ဒါ ကလေးဆေးမဟုတ်ဘူးလေ အဲ့ဒီတော့ မေမေက အဲ့ဒီပုလင်းကို ဖွက်လိုက်တယ်။ ဖွက်လိုက်တော့ Roar Kyaw က သူ့အဖေလည်း ပြန်လာတော့ အဲ့ပုလင်းကို ဖွက်တယ်ဆိုပြီးတော့ ငိုပြတာ တကယ်ငိုတာလည်းမဟုတ်ပဲနဲ့ အိုက်တင်ကြီးက လေလုပ် အိုက်တင်ပေါ့နော်။ အစ်မလေ သူ့ကိုအရမ်းအံ့သြတယ်။ ဒီရက်ထဲမှာပဲ သူလုပ်တတ်တာလေးတစ်ခုက မမက သူ့ကို တွေ့ပြီး မခေါ်လို့ရှိရင် သူက ကြမ်းပြင်ကို လှဲချပြစ်လိုက်တယ် မမကိုလှမ်းကလည်းကြည့်သေးတယ် သူ ကောက်ပါတယ်ပေါ့ စိတ်ကောက်တာ ပေါ့နော်။ မမကလည်း အဲ့ဒါဘာလုပ်တာလဲ မသိဘူးဆိုတော့ မေမေကလည်း သမီးတဲ့ နင့်ကိုသူ စိတ်ကောက်တာ တဲ့ဆိုတော့ ကိုယ်ကလည်း နဝင်တိမ်တောင်ဆိုတော့လေ သူ့ကိုကောက်ချီလိုက်ရင် အကောင်း။ သူ့ရဲ့ အိုက်တင်လေးတွေကလေ ဖြူစင်တယ်၊ ချစ်စရာကောင်းတယ်။ သူ အိုက်တင်လုပ်နေရင်လည်း လုပ်နေတဲ့ အိုက်တင်ကြီးက တအားပေါ်တယ်" လို့ ဆိုပါတယ်။

play

 

အနုပညာရှင်တစ်ယောက်ရဲ့ မျိုးစက်လေးဖြစ်တဲ့ Roar Kyaw လေးကိုလည်း ပညာတက် အနုပညာရှင်တစ်ယောက်ဖြစ်စေချင်တယ် ဆိုတဲ့ အကြောင်းကိုလည်း Duwun ပရိသတ်တွေအတွက်ပြောပြခဲ့ပါသေးတယ်။

 

'' မမသည် အနုပညာအလုပ်ကို တန်လည်းတန်ဖိုးထားတယ် ချစ်လည်းချစ်တယ်။ အခုချိန်ထိလည်း အစ်မလုပ်နိုင်သလောက် လုပ်တတ်သလောက် လုပ်နေတုန်းပဲ အဲ့ဒီအတွက်ကြောင့်မို့လို့ သားသားလေးကိုလည်း အနုပညာအလုပ်တွေ လုပ်စေချင်တယ်။ သူ့ကို ပညာတတ်ကြီးလည်းဖြစ်စေချင်တယ်။ မမလည်းဒီအတိုင်းပဲ မမ ၁၀ တန်းအောင်ပြီးတော့ အနုပညာအလုပ်လုပ်တယ်။ ဒါပေမယ့် မမ အဖေနဲ့ အမေက မမကို ဘွဲ့ရအောင်ထားတယ်။ မမဆိုရင် Y.D.U ဘွဲ့လည်း ရပြီးပြီ သတ္တဗေဒ(Z00) ဘွဲ့လည်း မမရပြီးပြီအဲ့ဒီတော့ သားကိုလည်း အဲ့ဒီလိုမျိုးဖြစ်စေချင်တယ်။ အနုပညာအလုပ်တွေကတော့ လုပ်စေချင်တာပေါ့နော်။ ကိုယ့်ရဲ့ မျိုးစက်ပဲဟာကို လုပ်စေချင်တာပေါ့'' လို့ သရုပ်ဆောင် ဆုပန်ထွာက ပြောပါတယ်။

play

 

 ကိုဥက္ကာကျော်နဲ့ သရုပ်ဆောင်ဆုပန်ထွာတို့ရဲ့ သားလေး Roar Kyaw လေးကတော့ စက်တင်ဘာလအတွင်းကအသက် (၁)နှစ်တိတိပြည့်ခဲ့ပါတယ်။ မွေးဖွားချိန်ကတည်းက လူများရဲ့ ချစ်ခြင်မှုကို ရရှိထားတဲ့ သားလေးက အခုလက်ရှိမှာလည်း မိခင်ရဲ့ အနုပညာအသိုင်းအဝိုင်းများကသာမက ပရိသတ်များကပါ ချစ်ခြင်းကိုခံရတဲ့ ကလေးလေး တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo: ဆုပန်ထွာဖေ့စ်ဘွတ်

Seemore

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ