Cele YatKwat: လောင်းကစားသမား၊ အကြွေးတင်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ကောင်းစစ်သွေး

ဇာတ်လမ်းတွဲတွေ ရုပ်ရှင်ဇာတ်ကားတွေရိုက်နေရပါတယ်။

MRTV-4 က ထုတ်လွှင့်တဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အားပေးမှုတွေရရှိလာတဲ့ သရုပ်ဆောင် ကောင်းစစ်သွေး ကတော့ မရဲ့အေးခဲသွားကြသူများ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ လောင်းကစားသမားတစ်ယောက်ရဲ့ ကာရိုက်တာကနေ ပါဝင်သရုပ်ဆောင်သွားမယ့်အကြောင်းကို Duwun Media ကနေတဆင့်ပြောပြခဲ့ပါတယ်။

play

 

''ဒီဇာတ်ကားထဲမှာကျွန်တော်က လောင်းကစားသမားပေါ့နော်။ ဘောလုံးပွဲတွေလောင်းမယ်၊ အကြွေးတွေတင်မယ်။ ပြီးရင်ကောင်မ လေးဆီက ငွေညှစ်မယ်ပေါ့။ ကိုယ့်ရဲ့ကာရိုက်တာအတွက်တော့ အစစအရာရာ အဆင်ပြေအောင်ပြင်ဆင်ထားပါတယ်။ အခုလက်ရှိ မှာ လည်း ဇာတ်လမ်းတွဲတွေရော၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်နေရတာကြောင့်စိတ်လှုပ်ရှားမှုတော့ မရှိပါဘူး'' လို့ သူကဆိုပါတယ်။

play

 

Model လောက ကနေ သရုပ်ဆောင်တစ်ယောက်အဖြစ်နေရာတစ်နေရာရအောင်ကြိုးစားနေတဲ့ အနုပညာရှင်အသစ်တစ်ယောက် ဖြစ်တဲ့အတွက် ဘယ်လိုကွာဟချက်တွေရှိသလဲဆိုတာလည်း ပြောပြခဲ့ပါသေးတယ်။

 

'' Model အပိုင်းနဲ့သရုပ်ဆောင်အပိုင်းက အရမ်းကြီးကို ကွာခြားပါတယ်။ သရုပ်ဆောင်အပိုင်းဆိုတာကို အရင်က ကျွန်တော်တို့ သိထားတာက ရိုက်ကွင်းရောက်မှ ဇာတ်ညွှန်းပေးမယ်ပေါ့နော်။ ဒါပေမယ့် တကယ့်တကယ် ကြုံတွေ့တဲ့အခါကျတော့ ရိုက်ကွင်း ရောက် မှ ဒိုင်ယာလော့ဂ်ျချပေးတဲ့အခါကျရင် စစရိုက်ချင်းမှာ တော်တော်ကို အခက်အခဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာကို ကျက်နေသလိုပဲ Follow က တစ်တန်းကြီးဖြစ်နေတယ် နောက်ပိုင်းကျမှ ရိုက်ကူးတာများလာတဲ့အခါကျတော့ အစစအရာရာ အဆင်ပြေပါတယ်'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ကောင်းစစ်သွေးအနေနဲ့ အခုလက်ရှိမှာ ဇာတ်လမ်းတွဲတွေလည်းရိုက်ကူးထားတာဖြစ်သလို စီနီယာသရုပ်ဆောင် တွေနဲ့အတူ မကြာခင်ကရိုက်ကူးထားတဲ့ ဆုတောင်းရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်းပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။ ဆုတောင်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာဝင်းထွန်းထွန်းက ရိုက်ကူးပြီး အောင်ရဲလင်း၊ ထွန်းကိုကို၊ သြဘာ၊ မေကဗျာ၊ ပက်ထရစ်ရှာ၊ ရွှေကေသရီ တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး စပ်စုပြီး ကြောက်တတ်တဲ့ကောင်လေးတစ်ယောက်ရဲ့ ကာရိုက်တာအဖြစ်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo: ကောင်းစစ်သွေးဖေ့စ်ဘွတ်

Seemore

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ