Cele YatKwat: လရိပ်ဝေးရဲ့ခံစားချက်တွေကိုပြောပြခဲ့တဲ့ အိန္ဒြာကျော်ဇင်

ဇာတ်တစ်ခုလုံးမှာ အဝေးကတော့ သူ့ရဲ့ခံစားချက်တွေပေါ့နော်။

ပရိသတ်တွေရဲ့ အားပေးစောင့်မျှော်မှုကို ခံနေရတဲ့ ရင်ဘတ်ထဲက ဓား ရုပ်ရှင်ဇာတ်ကားကြီးမှာ ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့ အတွဲညီညီ သရုပ်ဆောင်နိုင်ခဲ့တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ကတော့ ဇာတ်ကားထဲက လရိပ်ဝေး ဆိုတဲ့ အမျိုးသမီးရဲ့ ဇာတ်ရုပ်အပေါ် ခံယူချက် တွေကို မီဒီယာများကတဆင့်ပြောပြခဲ့ပါတယ်။

play

 

'' ဇာတ်တစ်ခုလုံးမှာ အဝေးကတော့ သူ့ရဲ့ခံစားချက်တွေပေါ့နော်၊ အမေနဲ့ပတ်သက်ပြီးတော့ ခံစားချက်တွေ၊ ယောက်ျားနဲ့ပတ်သက် ပြီးတော့ ခံစားချက်တွေ အဲ့ဒီခံစားချက်တွေအလျှောက် အိုက်တင်တွေ၊ မုဖ်တွေကတော့ သူ့တန်ပိုနဲ့ သူသွားတာပေါ့။ တန်ပိုက အဲ့ဒါလေးတစ်ချက်ချိန်ရတာပေါ့ အိုက်တင်တွေကိုလည်း မတူအောင်လို့ ချိန်ပြီးတော့လုပ်ရပါတယ်။ နောက်တစ်ခုကကျတော့ အူဝဲတို့ စကားပြောတဲ့အခါ ဒိုင်ယာလော့ဂ်ျတွေအပေါ်မှာလည်း အရေးကြီးတယ်ပေါ့နော်၊ ဒိုင်ယာလော့ဂ်ျတွေ၊ မုဖ်တွေ၊ အိုက်တင်တွေ ပေါက်းပြီးတော့ ရိုက်ခဲ့ရတယ်။ မုဖ်တွေကလည်း တော်တော်လေးပြင်းပါတယ်။ ရိုက်ပြီးရင် ကိုယ်လည်း မောပြီး ရင်တုန်ပန်းတုန် ဖြစ်ပြီး  ကျန်ခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန်လေးတွေတော့ရိုက်ခဲ့ရတယ်'' လို့ သူကဆိုပါတယ်။

play

 

ဇာတ်ကားထဲက လရိပ်ဝေး ရဲ့ ခံစားချက်အကြောင်းအရာတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

 

'' အဓိက ကတော့ သူကကလေးကတည်းက အမေဟာ အဖေ့ကို ဓားနဲ့ခုတ်လိုက်တယ်ဆိုတာကို မြင်ပြီးကတည်းက သူ့ရဲ့စိတ်ထဲမှာ နာကျည်းသွားတာ အဲ့ဒီကနေစပြီးတော့ အမေ့အပေါ်မှာ သူ့ရဲ့စိတ်ပြင်းထန်နေတာပေါ့ ကျောင်းမှာဆိုရင်လည်း သူ့ကိုဝိုင်းပြောနေကြ တာပေါ့ အဲ့ဒီဟာတွေက ခံရပါများလာတော့ ရင်ထဲမှာ အစိုင်အခဲကြီး အရမ်းကြီးသွားတယ်ပေါ့နော်။ အဲ့ဒါမျိုးကတော့ အပြင်မှာဆိုရင် တောင် မှ ဒီလိုမျိုးဖြစ်ကြမယ်လို့ထင်ပါတယ်။'' လို့ ဆိုပါတယ်။

play

 

လရိပ်ဝေး ကာရိုက်တာနဲ့ပတ်သက်ပြီး မိန်းမတစ်ယောက်ရဲ့ခံစားချက် သူ့ရဲ့ ယုံကြည်ချက်၊ သူ့ရဲ့ အမှန်တရား အဲ့ဒါမျိုးတွေနဲ့ ရှေ့ဆက် နေတဲ့ မိန်းမတစ်ယောက်ပေါ့ နော်။ နောက်ဆုံးကျတော့ သူ ဘယ်လို ဆုံးဖြတ်လိုက်တယ်ဆိုတာကိုတော့ ရုံပေါ်ရောက်တော့ မှ ပရိသတ်တွေကြည့်ပြီး သိစေချက်တဲ့ အကြောင်းကိုလည်း Duwun Media ကိုပြောပြခဲ့ပါတယ်။

Photo: ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေး

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ