Cele YatKwat: သရုပ်ဆောင်အသစ်တွေနဲ့ရိုက်ရတာ တကယ်အန္တရာယ်များတယ်ဆိုတဲ့ ဒါရိုက်တာ သီဟကျော်စိုး

မရဲ့အေးခဲသွးကြသူများ ရုပ်ရှင်ဇာတ်ကားကြီး ဖန်တီးသူပါ။

ရတနာကျော်စိုးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာသီဟကျော်စိုး ရိုက်ကူးပုံဖော်နေတဲ့ မ ရဲ့ အေးခဲသွားကြသူများ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ကလည်း တော်တော်ကောင်းတဲ့အတွက် သရုပ်ဆောင် အသစ်တွေနဲ့ ရိုက်ကူးရတဲ့အပေါ် အန္တရာယ်များတယ် လို့ Duwun media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဒီဇာတ်ကားရိုက်ဖို့အတွက် ရက် ၂၀လောက်သတ်မှတ်ထားပါတယ်။ ရက် ၂၀ လည်းကျော်ချင်ကျော်မှာပေါ့နော်။ ဒါပေမယ့် အတတ်နိုင်ဆုံး ကောင်းအောင်ရိုက်မှာပါ  သရုပ်ဆောင်အသစ်တွေကိုလည်း စိတ်တိုင်းကျအင်တာဗျူးပြီးတော့မှ ရိုက်တာပါ။ တချို့တွေကလည်း မေးကြတယ် ဘာလို့ အသစ်တွေနဲ့ရိုက်တာလဲ မကြောက်ဘူးလားတို့ မင်းသား၊ မင်းသမီးကို ကြည့်ကြတယ်လေ။ ဒီလိုသာလုပ်နေမယ်ဆိုရင် အသစ်ဆိုတာထွက်မလာဘူး ကျွန်တော်တို့တွေ ပြုစုပျိုးထောင်ပေး၊ တင်ပေးမှလည်း ဒီကားတွေက ဖြစ်မှာပေါ့ ဒီဇာတ်ကားက တကယ်တော့ အသစ်တွေနဲ့ ရိုက်ရတာ တကယ်အန္တရာယ်များတယ်။ ဘာကြောင့်လဲဆိုတော့ ဇာတ်ကားက တော်တော်လေး ကောင်းတယ်။ သူရောကိုယ်ရော မလုပ်နိုင်ရင် ဇာတ်ကားကတော့ Go မှာပဲ။ ဒါကြောင့် သူတို့ကိုလည်း သေချာဆွေးနွေးပြီးမှ စာချုပ်ချုပ်ရပါတယ်'' လို့ သူကဆိုပါတယ်။

play

 

အကောင်းဆုံးတွေကြိုးစားထားတယ်ဆိုတဲ့ မရဲ့ အေးခဲသွားကြသူများ ရုပ်ရှင်ဇာတ်ကားအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

 

'' ဒီဇာတ်ကားလေးရဲ့ အသွားအလာကတော့ ကောင်မလေးက နယ်မှာပေါ့နော်။ လူရမ်းကား သုံးယောက်နဲ့တွေ့တော့ ဖျက်စီးခံလိုက် ရတယ်။ နောက်ကျတော့ ကောင်မလေးက မယ် လည်းဖြစ်လာတော့ သူ့ကို ပံ့ပိုးပေးမယ့် ရည်းစားတွေကလည်း ထွက်လာတယ်။ သူနာမည်ကြီးလာတော့ ဟိုကောင်တွေက သူ့ကို တွေ့ပြီးတော့ အရင်တုန်းက ဟာလေးတွေနဲ့ အကျပ်ကိုင်တာပေါ့နော်။ ငွေညှစ်တာ ပေါ့ နောက်ပိုင်းကျတော့ ကောင်မလေးက သည်းခံပြီးတော့ ပြန်ပြီးတော့လုပ်တာပေါ့နော်။ ဒါတွေကတော့ အမေရိကား တို့၊ ကိုရီးယား ကားတို့၊ ဟောင်ကောင်ကားတွေတို့မှာရှိတယ်။ ဇာတ်ကြောတူပေမယ့် ကျွန်တော့်ရိုက်ချက်ကတော့ လုံးဝမတူစေရဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်ကားတွေကို ကြည့်ပြီးရင် ကျွန်တော်က ရှောင်တယ်ဗျ။ ကျွန်တော့်ကို  ဘာလုပ်လုပ် မင်းဘယ်က ခိုးချတာလဲဆိုပြီးတော့ ကျွန်တော့်အပေါ်မှာ အထင်သေးကြတာပေါ့နော်။ ဒါကိုလည်း စိတ်မဆိုးပါဘူး သူတို့မှာပြောပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် ဘယ်လိုရိုက်ရင်ကောင်းမလဲ ကင်မရာ ဘယ်လိုရွှေ့ရင် အဆင်ပြေမလဲဆိုတာကို သတိထားပြီးတော့ရိုက်ပါတယ်'' လို့ ဒါရိုက်တာသီဟကျော်စိုးက ပြောပါတယ်။

play

 

မရဲ့အေးခဲသွားကြသူများ ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလ ၁၂ ရက်နေ့ကစပြီး ရန်ကုန်မြို့တွင်းမှာပဲ စတင်ရိုက်ကူးနေတယ် လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ သရုပ်ဆောင် ဥက္ကာမင်းမောင်၊ အောင်မင်းခန့်၊ ထူးအောင်၊ ကောင်းစစ် သွေး၊ ချောကလျာ တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတယ်လို့ သိရပါတယ်။

Photo: သီဟကျော်စိုးဖေ့စ်ဘွတ်

See more

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ