Cele YatKwat: အခက်အခဲတွေကြားက ပထမဆုံးတစ်ကိုယ်တော် အခွေထွက်ရှိလာတဲ့ ဂျူးစံသာ

No Boyfriend, No Problam လို့ အမည်ပေးထားပါတယ်။

ဂျူးစံသာကတော့ Miss Tourism Myanmar 2014 ဆုရရှိပြီး ပြည်ပနိုင်ငံတွေမှာ သွားရောက်ယှဉ်ပြိုင်ပြီးတဲ့နောက် အနုပညာအလုပ် နဲ့ပတ်သက်ပြီး ပထမဆုံးခြေလှမ်းဖြစ်တဲ့ ဂီတလမ်းကြောင်းပေါ် ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ No Boyfriend, No Problem ဆိုတဲ့ တေးစီးရီးအခွေထွက်ရှိလာခဲ့တဲ့အကြောင်းကို Duwun Media ကနေတဆင့်ပြောပြခဲ့ပါတယ်။

play

 

'' ဒီအခွေလေးက ဂျူးရဲ့ ပထမဆုံးတေးအယ်ဘမ်လ်လေးလည်းဖြစ်တယ်။ ခွန်အားအပြည့်စိုက်ထုတ်ထားရတဲ့အခွေလေးတစ်ခွေ လည်း ဖြစ်ပါတယ်။ ပထမဦးဆုံးတစ်ကိုယ်တော်အခွေဆိုတော့ Miss ပြိုင်ပွဲထက်တောင်ရင်ခုန်တယ်။ ဒီတစ်ခွေလုံးက ဂျူးအရမ်း ကြိုးစားပြီးတော့ အားထုတ်ထားရတဲ့အခွေ၊ မေမေနဲ့ဂျူးနဲ့ နှစ်ယောက်ပေါ့နော် သားအမိနှစ်ယောက် ခေါင်းခြင်းဆိုင်ပြီးတော့ လုပ်ထားတဲ့အခွေ လေးပေါ့နော်။ ကိုယ်ကိုယ်တိုင်ဆိုရတဲ့အခွေလေးဖြစ်တဲ့အတွက် အရမ်းကိုကြိုးစားထားတယ်။ အဲ့ဒီအတွက် အရမ်းလည်း ရင်ခုန်နေတယ် ပြောမပြတတ်အောင်ပါပဲ'' လို့ ဆိုပါတယ်။

play

 

အလှမယ်တစ်ယောက်ဖြစ်တဲ့အတွက် ဂီတလောကထဲကို အစိမ်းသက်သက်ဝင်ရောက်လာခဲ့တဲ့အတွက် တွေ့ကြုံခဲ့ရတဲ့ အခက်အခဲလေးတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

 

'' အလှမယ်နေရာကနေ ဒီဘက်ကို ခြေစုံဝင်ပစ်ဝင်တယ်ဆိုတော့ ဒါဟာ အစိမ်းသက်သက်ပေါ့နော်။ ဂျူးအတွက်ဆိုရင် အစိမ်း သက်သက် လောကထဲကို ဝင်လိုက်တာပေါ့။ ပြောရမယ်ဆိုရင်တော့ ဘာမှ မသိသေးတဲ့ ကလေးလေးတစ်ယောက်လိုပေါ့နော် ဘယ်သူနဲ့ဆက်သွယ်ပြီးလုပ်ရမလဲ၊ ဘယ်သူ့ကို သီချင်းတွေရေးခိုင်းရမလဲ၊ ဘယ်သူ့ဆီက ယူရမလဲပေါ့နော် ပြီးသွားရင် ဘယ်တေးသံသွင်း သုံးရမလဲ၊ ဘယ်တီးဝိုင်း နဲ့ တီးရမလဲ ဘာမှမသိပါဘူး။ ဒါပေမယ့် ကိုကျော်နေလ နဲ့တွေ့တဲ့အချိန်မှာ အစ်ကိုက လမ်းပြပေးတယ်။ အဲ့ဒီကနေတဆင့် ဆရာ စိုးမိုးသန်းနဲ့တွေ့တယ် ဆရာကလည်း အများကြီးသင်ပေးတယ်။ ဒီအခွေတစ်ခွေလုံး လုပ်တာကတော့ ဆရာ့လက်၊ ဆရာ့ခြေလို့ပြောလို့ရတယ်။ သီချင်းဆိုတဲ့အပိုင်းမှာလည်း အခက်အခဲရှိသလို လူတွေနဲ့တွေ့ကြုံမှုအပိုင်း လည်း အခက်အခဲတွေအများကြီးရှိတယ်။ ဘယ်ထုတ်လုပ်ရေးနဲ့ထုတ်ရမလဲမသိ ဒါပေမယ့် ကံကောင်းတာက ကိုဘိုစန်း နဲ့လည်း ခင်နေတဲ့ အတွက် အစ်ကိုကြီးတို့ကလည်း အများကြီး ကူညီပေးတယ်။ဘေးပတ်ဝန်းကျင်ရဲ့ကူညီပေးမှုအများကြီးနဲ့မှ ဒီအခွေလေးကို လုပ်ဖြစ်ခဲ့တာပါ'' လို့ ဂျူးစံသာက ပြောပါတယ်။

play

 

ဂျူးစံသာအနေနဲ့ Miss Tourism Myanmar 2014  အလှမယ်ပြိုင်ပွဲကနေတဆင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတဲ့သူဖြစ်ပြီး နောက်ထပ်ဝါသနာတစ်ခုဖြစ်တဲ့ ဂီတလောကထဲကို ခြေလှမ်းစတင်ဝင်ရောက်လာတာပဲဖြစ်ပါတယ်။ သူ့ရဲ့ No Boyfriend, No Problem တေးစီးရီးကိုလည်း အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီကနေ ၆ နာရီအထိ လှည်းတန်းစင်တာမှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်ပြီး အနုပညာရှင်များစွာတို့ကလည်း လက်မှတ်ရေးထိုးဖျော်ဖြေပေးသွားမယ်လို့ သိရပါတယ်။

Photo:Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ