Cele YatKwat: ကလေးတွေကို အားကစားလုပ်ဖို့ အချိန်ပေးသင့်တယ်ဆိုတဲ့ ထားထက်ထက်

ကိုယ်တိုင်ကလည်း အားကစား Program တွေလုပ်ဖြစ်နေပါတယ်။

အလှမယ် ထားထက်ထက်ကတော့ အခုလက်ရှိမှာ အားကစားနဲ့ပတ်သက်တဲ့ Program လေးတစ်ခု လုပ်နေတယ်လို့သိရပါတယ်။ ဒီအစီအစဉ်နဲ့ပတ်သက်လို့ ရိုက်ကူးရေးတွေစတင်ပြုလုပ်နေတာဖြစ်ပြီး ဘယ်ရုပ်သံလိုင်းမှာ ထုတ်လွှင့်မယ်ဆိုတာတော့ သေချာမသိရသေးဘူးလို့ Duwun media ကနေပြောပြခဲ့ပါတယ်။

play

 

'' ထားထက် တို့ငယ်ငယ်တုန်းက ကာယအချိန်ဆိုတာများတယ်ပေါ့နော်။ ကာယအချိန်သီးသန့်ရှိတယ် ကစားရတယ်။ အခုနောက်ပိုင်း ကလေးတွေက အားကစားလှုပ်ရှားမှုအရမ်းနည်းလာကြတယ်။ ကျောင်းမှာရော အပြင်မှာရော လှုပ်ရှားမှုနည်းလာတဲ့အခါကျတော့ သူတို့အတွက် အားကစားကို ထားထက်အနေနဲ့ Promote လုပ်ချင်တယ်။ကလေးတွေမှာ တစ်နေ့ တစ်နေ့ ကျောင်းစာရယ်၊ ကျူရှင်ရယ် ပဲရှိတယ် အားတဲ့အချိန် ဆော့စရာဆိုလို့ ဖုန်းနဲ့ ဂိမ်းဆော့တာ ဆိုတော့ Pressure တွေ အရမ်းများလာကြတယ်။ အဲ့ဒါကြောင့် ထားထက်ကလည်း အားကစားကို ပိုပြီးတော့ Promote လုပ်ချင်တယ်။ ကိုယ်တိုင်ကလည်း လက်ရှိမှာ ကျွမ်းဘား သင်နေတာဖြစ်တဲ့အတွက် နောက်တက်လာမယ့် ကလေးတွေကို အရမ်းတော်စေချင်တယ်။ အောင်မြင်စေချင်တယ် ဒါကြောင့် ဒီလို အစီအစဉ်လေးလုပ်ဖြစ်တာပါ'' လို့ ဆိုပါတယ်။

play

 

အသက် ၉ နှစ်ကတည်းက ပညာရေးထက် အားကစားဘက်ကို ပိုလုပ်ခဲ့ရတဲ့ ထားထက်ထက်ကတော့ ပြည်ပပြိုင်ပွဲတွေ အထိပါ သွားရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပညာရေးထက် အားကစားကို ပိုလုပ်ဖြစ်ခဲ့တာကြောင့် လက်ရှိခံစားနေရတဲ့ အကျိုးတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

 

'' လက်ရွေးစင်ဖြစ်လာတဲ့အခါကျတော့ Training တွေပိုလုပ်ရတာအရမ်းပင်ပန်းတယ်။ နိုင်ငံခြားကို သွားရတဲ့အခါကျရင် ၃ လ ၅ လ ကြာတဲ့အခါ အိမ်ကိုလည်း လွမ်းတယ်၊ မကစားချင်တော့ဘူး အရမ်းပင်ပန်းတယ်ဆိုတဲ့ စိတ်တွေဖြစ်လာတယ်။ ကိုယ်က အလုပ်တစ်ခုကိုလုပ်ပြီဆိုရင် အစအဆုံး အကောင်းဆုံးဖြစ်အောင်ကြိုးစားတယ်။ အဲ့ဒီအကျိုးတွေက ကြီးလာတဲ့အခါမှာ ကိုယ့်ကိုယ်ကှိုStrong ဖြစ်တယ်။ တခြားမိန်းကလေးတွေထက်စာရင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာStrong ဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာ Confidence က ပိုပြီးတော့ရှိတယ်။ ဘယ်အရာမဆို လုပ်ကိုလုပ်ရဲတဲ့စိတ်ကရှိတယ်။ အခုလက်ရှိ ကိုယ်ကိုယ်တိုင် ကလေးတွေကို သင်ပေးနေရတဲ့ အတွက် ပိုပြီးတော့ မြင်ရတယ်'' လို့ ထားထက်ထက်က ပြောပါတယ်။

play

 

အားကစားနဲ့ပတ်သက်လို့ ကိုယ်တိုင်သင်တန်းဖွင့်ပြီး သင်ကြားပေးနေတယ်ဆိုတဲ့ ထားထက်ထက်က စနေ၊ တနင်္ဂနွေလိုနေ့တွေမှာ ဆိုရင် ကလေးတွေကိုလည်း သင်ကြားပေးတယ်လို့ဆိုပါတယ်။ မိခင်တွေကလည်း ကလေးငယ်တွေကို ဂိမ်းတွေပဲ ဆော့ခိုင်းမယ့် အစား၊ ကျူရှင်တွေပဲ ပို့နေမယ့်အစား တစ်ပတ်မှာ တစ်ရက်လောက် အားကစားလုပ်ဖို့အချိန်ပေးသင့် တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

Photo: ထားထက်ထက်ဖေ့စ်ဘွတ်

See more

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ