မသဲရုံ ကာရိုက်တာနဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သွားမယ့် အကယ်ဒမီဖွေးဖွေးက သူပါဝင်ရမယ့် ကာရိုက်တာလေးနဲ့ ပြင်ဆင်နေတဲ့ အကြောင်းအရာတွေကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' မုန်းစွဲမှာ ဖွေးက မသဲရုံဆိုတဲ့ အမျိုးသမီးနေရာကနေ သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်လမ်းလေးက ဖြစ်ရပ်မှန်ဇာတ်လမ်းလေး လည်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ ထူးခြားမှုကတော့ ဖြစ်ရပ်မှန်ပေါ့နော်။ အရှင်ဆန္ဒာဓိက ရေးထားတာပေါ့နော်'' လို့ သူကဆိုပါတယ်။

play

 

အရင်ခေတ်က ဇာတ်ရုပ်ပုံစံဖြစ်တဲ့အတွက် ဆံပင်အရှည်အမည်းကိုပြင်ဆင်ထားတာဖြစ်ပြီး တခြားပြင်ဆင်နေမှုအပိုင်းတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

 

'' ကာရိုက်တာအတွက်ကတော့ ဖွေး ရှေးတုန်းက ပုံစံမျိုးပေါ့နော်။ ဆံပင်ကို အမည်းအရှည် ပြင်ဆင်ထားတယ်။ ပြီးတော့ ရှေးတုန်းက ဝတ်ခဲ့တဲ့ အကျီတွေကို လေ့လာပြီးတော့ ချုပ်ထားတယ်ပေါ့နော်။ ဗိုက်ဆိုလည်း ကျယ်ကျယ်လေးတွေ လက်ဆိုလည်း ကျယ်ကျယ် လေးတွေ အဲ့ဒီလိုပုံစံလေးတွေ စီစဉ်ထားပါတယ်။ ပြီးတော့ ဒီကာရိုက်တာက အရွယ် နှစ်မျိုးလုပ်ရမှာပေါ့နော်။ ငယ်ဘဝရယ်နောက်ကျ တော့ အသက်ကြီးသွားပြီးတော့ ကိုနေတိုး အမေ ပြန်ဖြစ်သွားတာပေါ့။ Special Make Up တွေနဲ့ လုပ်ပါမယ်'' လို့ ဖွေးဖွေးက Duwun Media ကိုဖြေဆိုခဲ့ပါတယ်။

play

 

မသဲရုံ ကာရိုက်တာနဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားမှာပါဝင်ထားတဲ့ အကယ်ဒမီဖွေးဖွေးကတော့ ဒီဇာတ်ကားမှာ မထားသင့်တဲ့ အမုန်းတွေ ပြေသွားနိုင်စေမယ့် မက်ဆေ့ခ်ျမျိုး ပေးနိုင်မယ်ထင်တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဇာတ်ဝင်ခန်း ၁၆ ခန်းသာပါဝင်ပြီး အကောင်းဆုံးကြိုးစားသွားမယ်လို့လည်း ဖွေးဖွေးက ပြောပါတယ်။

phot: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video