ဒုတိယအကြိမ်မြောက် ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးမယ့် အကယ်ဒမီနေတိုးကတော့ မုန်းစွဲ ဇာတ်ကားထဲမှာ ပါဝင်ရမယ့် ကာရိုက်တာ အကြောင်း အရာနဲ့အတူ ဒီဇာတ်ကားထဲကနေ ပရိသတ်အတွက် ရရှိစေနိုင်မယ့် သင်ခန်းစာတွေကိုလည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' ကာရိုက်တာက ဒီဇာတ်လမ်းထဲမှာ ကျွန်တော်ပါဝင်ရမယ့် နေရာ ၂ ခုကကျတော့ အမှန်မှန်ကတော့ စိတ်က တစ်စိတ်ထဲပဲ။ ဒါပေမယ့် ဘဝပြောင်း သွားတဲ့အခါကျတော့ စိတ်ခံစားမှုအမုန်းတရားတွေကြောင့် ဖြစ်လာတဲ့ နောက်ထပ် ဘဝတစ်ခုမှာ ငြိမ်းချမ်းမှုနဲ့ လွတ်မြောက်ရာကို ရှာဖွေတဲ့ကာရိုက်တာတစ်ခုပေါ့။ ဒါကတော့ ရဟန်းအမြွှာအနေနဲ့ ပါဝင်သရုပ်ဆောင်ရမှာပေါ့နော်။ လက်ရှိဘဝမှာ ရဟန်းဖြစ်နေတဲ့ သူ့ရဲ့ အတိတ်ဘဝတစ်ခုမှာ အင်မတန် ဆိုးသွမ်းပြီးတော့မှ အင်မတန်ရက်စက်တတ်တဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝဇာတ်လမ်းနှစ်ခုကို ပေါင်းစပ်ထားတာ။ ဘဝ နှစ်ခုကို ဘယ်ညာ၊ ဘယ်ညာ ပုံစံမျိုးနဲ့ ပြသွားတာ။ တစ်ခုပြီးမှ တစ်ခု မလာပဲ အကြောင်းအရာနဲ့ လိုအပ်တဲ့ နေရာတွေမှာ ပရိသတ်အတွက် ပွိုင့်လေးတွေ ဇာတ်ကားရဲ့ တန်ပိုဖြစ်နေတဲ့ ပွိုင့်လေးတွေက ဇာတ်လမ်း ရဲ့ နောက်ကြောင်းကို ပြန်ပြောပြနေတဲ့ သဘော သရုပ်ဆောင်ရမှာဆိုတော့ သရုပ်ဆောင်နေတဲ့ အချိန်မှာလည်း ခက်ခဲမှုရှိသလို ရိုက်ကူးတဲ့ အချိန်မှာလည်း အချိန်ယူပြီးတော့ ပြုလုပ်ရမှာဖြစ်ပါတယ်'' လို့ သူကဆိုပါတယ်။

play

 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ဘဝအတွက် မက်ဆေ့ခ်ျဆိုတာထက် တရားဓမ္မဖြစ်တဲ့ သံဝေဂတရားဘက်ကို လောကရဲ့ လွတ်မြောက်ရာဘက်ကို အဓိက ဦးတည်ထားတယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

 

'' အမုန်းနဲ့ စွဲတဲ့ အစွဲတွေ၊ အစွဲမှန်သမျှကတော့ ကျွန်တော်တို့ ဘဝတွေကိုဖြစ်စေတယ်၊ သံသရာကနေ လွတ်မြောက်ရာကို ရှာ မတွေ့နိုင်ဘူး။ ဒီအစွဲတွေ စွဲတဲ့ အထဲမှာမှ အမုန်းနဲ့ စွဲတဲ့အစွဲက ပိုပြီးတော့ ကြောက်စရာကောင်းသလဲ၊ ပူလောင်လည်း ဆိုတာ ပြပြီးတော့မှ ဒီအစွဲတွေကို ထပ်ပြီးတော့ ဘဝရဲ့ ငြိမ်းချမ်းမှုတစ်ခု ကို ရှာဖွေဖို့အတွက် မက်ဆေ့ခ်ျပေးချင်တာပေါ့နော်'' လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

အကယ်ဒမီနေတိုး အနေနဲ့ ပထမအကြိမ် ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်လို့ ထာဝရအမေ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်ဖြစ်တဲ့ မုန်းစွဲ ဆိုတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါ တယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ Myanmar Media 7 နဲ့ အတူ တစ်နှစ်စာ စာချုပ်ချုပ်ဆိုပြီး Media 7 က ရိုက်ကူးတဲ့ ဇာတ်ကားတွေ ဆက်လက်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video