ဗီဒီယိုဇာတ်ကားတွေရော၊ ရုပ်ရှင်ဇာတ်ကားတွေကိုပါ မျှမျှတတရိုက်နေရတဲ့ သရုပ်ဆောင် ရတနာဗို ကတော့ ဗီဒီယိုဈေးကွက်တွေက မကောင်းတာကြောင့် ရိုက်ကူးရေးတွေ လျော့လာတဲ့ကြားက ကိုယ့်ဆီလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးရိုက်ကူးနေတယ်ဆိုတာကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဗီဒီယိုဖြစ်ဖြစ်၊ ရုပ်ရှင်ဖြစ်ဖြစ် ညီမကတော့ ညီမ မှာရှိတဲ့ အရည်အချင်းနဲ့ ပရိသတ်ကို အကောင်းဆုံးပဲ တင်ဆက်ပေးပါတယ်။ အခု ဗီဒီယိုဈေးကွက် တွေက မကောင်းတော့ ဗီဒီယို ရိုက်ကူးမှုတွေကလည်း လျော့လာတဲ့ ကြားထဲကပဲ ကိုယ့်ဆီလာတဲ့ ကားလေးတွေကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားရိုက်ကူးနေပါတယ်'' လို့ ရတနာဗို က ဆိုပါတယ်။

play

 

အနုပညာရှင်တစ်ယောက်အနေနဲ့ ဗီဒီယိုဈေးကွက် ပြန်လည်ကောင်းမွန်လာနိုင်ဖို့ အတွက်ကိုလည်း မျှော်လင့်ချက်ထားတဲ့ အကြောင်း ကို Duwun ပရိသတ်တွေအတွက်ပြောပြခဲ့ပါသေးတယ်။

 

'' မင်းသား၊ မင်းသမီးထက်စာရင် ညီမတို့ကို ဘေးကနေ တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အဖွဲ့သား တွေ ရှိတယ်လေ။ရှုတင်က စက်အဖွဲ့တွေရှိမယ်၊ပြီးတော့အနုပညာ ညီအစ်ကို မောင်နှမတွေရှိမယ် အားလုံးကလည်း ဒီလောက တိုးတက်ကောင်းမွန်လာမှ  အားလုံးအတွက်လည်း အဆင်ပြေမှာပေါ့နော်၊ အားလုံးကိုလည်း အဆင်ပြေစေချင်ပါတယ်'' လို့ သူက ဆိုပါတယ်။

play

 

သရုပ်ဆောင် ရတနာဗိုကတော့ သူသရုပ်ဆောင်ချင်တဲ့ ကာရိုက်တာမျိုးကို တစ်ချိန်မှာ သရုပ်ဆောင်ခွင့်ရခဲ့မယ်ဆိုရင် သူ့ဘက်က အနုပညာအရည်အချင်းပြည့်ဝအောင်၊ ပရိသတ်ကိုလည်း အကောင်းဆုံတင်ပြနိုင်တဲ့ အနုပညာသမားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေဦးမယ်လို့ Duwun Media ကိုဖြေဆိုခဲ့ပါတယ်။

Photo: Duwun. ရတနာဗိုဖေ့စ်ဘွတ်

Seemore

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video