တာတေကြီးရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေသမီးကတော့ ဒီရုပ်ရှင်ဇာတ်ကားကြီး ကသူ့အတွက် ပထမဆုံး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ဇာတ်ကားရိုက်ခဲ့စဉ်က ကိုယ့်အခန်းမပါရင်တောင် သူများတွေရိုက်နေတဲ့ အချိန်မှာ သွားထိုင်ကြည့်ခဲ့တဲ့ အမှတ်တရအကြောင်းတွေကို Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ဒီဇာတ်ကားရိုက်တဲ့အချိန်မှာ ကိုဝိုင်း သေချာလေးတော့သင်ရတယ်ပေါ့နော်။ ဒါက ညီမအတွက် ပထမဆုံးရိုက်တဲ့ ရုပ်ရှင်ဇာတ်ကား ပေါ့။ ကိုယ်က ကြောက်လည်းကြောက်တယ်။ ကားကြီးဆိုတော့ စီနီယာတွေရဲ့ အိုင်တင်တွေကလည်း အရမ်းမိုက်နေတော့ ကိုယ် တစ်ယောက်တည်း ကျန်ခဲ့မှာလည်း စိုးတယ်၊ ကိုယ့်အခန်းမပါရင်လည်း ကို ကိုယ်တိုင် ထိုင်ကြည့်နေဖြစ်တယ်ပေါ့နော်။ ဒီဇာတ်ကား ကတော့ အမှတ်တရပေါ့'' လို့ ဆိုပါတယ်။

play

 

ဇာတ်ကားထဲမှာလည်း အတူပါဝင်သရုပ်ဆောင်ထားတဲ့ စီနီယာတစ်ဦးဖြစ်သူ သရုပ်ဆောင်နေတိုးရဲ့ ကာရိုက်တာကလည်း ပရိသတ် တွေဆီက အရမ်းမိုက်တယ်ဆိုတဲ့ စကားကြားရမယ်ဆိုတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

 

'' ကြည့်ပြီးတဲ့သူတိုင်းသိမှာပါ။ ကိုနေတိုးရဲ့ အိုက်တင်က ဘယ်လိုမျိုးလည်း ဆိုတာ ကြည့်ပြီးတဲ့အခါမှာ ပရိသတ်ဆီက ကြားရမယ့် စကားက အရမ်း မိုက်တယ်ဆိုတဲ့ စကားပဲ၊ ယောက်ျားလေးကနေ မိန်းကလေး အိုက်တင်လုပ်ရတဲ့အခါမှာ ပိုသွားတာမရှိဘူး။ လိုသွားတာမရှိဘူး ကွက်တိလေးနဲ့ တည်တည်ငြိမ်ငြိမ် တကယ်ကို မိန်းမဆန်သော ယောက်ျားပေါ့'' လို့ ရွှေသမီးက ပြောပါတယ်။

play

 

ရွှေသမီးကတော့ တာတေကြီးရုပ်ရှင်ဇာတ်ကားထဲမှာ နန္ဒာဆိုတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး နေတိုးရဲ့ ချစ်သူကောင်မလေး နေရာ က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ချစ်သူကို အရမ်းသဝန်တိုတတ်တဲ့ ကောင်မလေး ကာရိုက်တာ အဖြစ်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

photo: ရွှေသမီးဖေ့စ်ဘွတ်ပေ့ခ်ျ

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video