AD
AD
AD

သရုပ်ဆောင်အပိုင်းနဲ့ပတ်သက်ပြီး မိန်းမလျာဇာတ်ရုပ် မရိုက်ဖြစ်တော့ဘူးလို့ ကြေညာထားတဲ့ ဝီလျှံကတော့ ငယ်ပါသေးတယ် ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်လျှက်ရှိပြီး မိန်းမလျာဇာတ်ရုပ်ကို သရုပ်ဆောင်ရတာကြောင့် ဒီဇာတ်ရုပ်ဟာ လက်ခံထားပြီးသားဖြစ်လို့ ရိုက်ဖြစ်သွားတဲ့အကြောင်းကို Duwun Media ကနေ ဖွင့်ဟပြောကြားခဲ့ပါတယ်။

play

 

'' ကျွန်တော်က မြို့ကနေလာတဲ့ မိန်းမလျာတစ်ယောက်ပေါ့နော်။ ရွာမှာ အပုန်းဖြစ်နေတဲ့ Kelvin Kate ကို ပွင့်အောင် သင်ပေးတာပေါ့ လက်ချာရိုက်ပေးတဲ့ ကာရိုက်တာပါ။ အခြောက်ကာရိုက်တာကိုလည်း မရိုက်ဘူးဆိုပြီး တစ်နှစ်ခွဲလောက်တော့ နားဦးမယ်ဆိုပြီး ကျွန်တော်ပြောထားတာ ဒါပေမယ့် ကိုထွန်းက ဟိုးအရင်အင်တာဗျူးတွေမှာ ကျွန်တော် နားမယ်ဆိုပြီး မပြောခင်ကတည်းက မင်းနဲ့ ငါနဲ့ တစ်ကားရှိတယ်နော် ဆိုပြီးတော့ ပြောထားတော့ ဟိုအရင်ကတည်းက ဇာတ်မကြည့်ပဲနဲ့ ကျွန်တော် လက်ခံပေးထားတာ ပေါ့ နော်။ ကိုယ်ပြောပြီးသား လက်ခံပြီးသားဖြစ်နေတဲ့အတွက် သရုပ်ဆောင်ဖြစ်တာပါ။ နောက်ပိုင်းကျရင်တော့ ကျွန်တော်နားထား မှာပါ'' လို့ ဆိုပါတယ်။

play

 

လက်ခံထားပြီးသား ကာရိုက်တာအတွက် ပြင်ဆင်နေမှုများနဲ့ အတူ နောက်ထပ်ဘယ်လိုဇာတ်ကားတွေ ရိုက်ထားတယ် ဆိုတာကို လည်း Duwun ပရိသတ်တွေအတွက် အခုလိုပြောပြခဲ့ပါတယ်။

 

'' ဒီဇာတ်ကားထဲမှာ ပြင်ဆင်မှုအပိုင်းအနေနဲ့ကတော့ ဂါဝန်တွေ၊ ဘာတွေ သိပ်မလုပ်ဘူးလို့ စဉ်းစားထားတယ်။ ရိုးရိုးရှင်းရှင်း လေးပေါ့နော်။ အပြင်မှာရှိတဲ့ တကယ့် မာမီတွေအတိုင်းကို ကြည့်ပြီး အတုတော့ နည်းနည်းခိုးထားပါတယ်။ဆံပင်တုတွေတော့ မစွပ်ဘူးလို့ လုပ်ထားတယ်။ အခုနောက်ပိုင်းဆိုရင် ကားကြီး ၃ ကား ရိုက်တာပေါ့နော် ဒီဇာတ်ကားနဲ့ဆိုရင် ၄ ကား။ ၄ ကားမှာ ၂ ကားက မိန်းမလျာဇာတ်ရုပ်ဖြစ်နေတယ်။ အခု ဒီဇာတ်ကားနဲ့ဆိုရင် ၃ ကားဖြစ်သွားပြီ။ အဲ့ဒါကြောင့် ကျွန်တော် မရိုက်တော့တာပါ။ ကားကြီးမှာတင် များသွားပြီပေါ့နော်'' လို့ ဝီလျှံက ပြောပါတယ်။

play

 

မိန်းမလျာဇာတ်ရုပ်ကို ရိုက်ဖို့ နားထားတယ်ဆိုတဲ့ ဝီလျှံကတော့ သမက်တော်ကွက်ကျော် ဇာတ်ကားထဲမှာ လူငယ်ပုံစံလေး သရုပ်ဆောင် ထားပြီး Original Gangster ရုပ်ရှင်ဇာတ်ကားထဲမှာလည်း တကယ့်အဆိုတော်တစ်ယောက်ပုံစံအတိုင်း ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

photo:Duwun, ဝီလျှံဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD