သရုပ်ဆောင် ညီထွဋ်ခေါင်ကတော့ နိုဝင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းက အောင်ဇမ္ဖူတောရဓမ္မရိပ်သာ မှော်ဘီကျောင်းမှာ ရဟန်းဝတ်ခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဓာတ်ပုံတွေနဲ့တကွ ပရိသတ်တွေကို အသိပေးခဲ့တာပဲဖြစ်ပါတယ်။

play

 

သရုပ်ဆောင် ညီထွဋ်ခေါင်အနေနဲ့ ဘာအမှတ်တရမှ မရှိပဲ ဘုန်းကြီးဝတ်ဖြစ်သွားတာဖြစ်ပြီး ၇ ရက်ကြာမယ်လို့ သိရပါတယ်။ ရဟန်းဘဝကိုရောက်သွားတဲ့ ညီထွဋ်ခေါင်ရဲ့ ဘွဲ့နာမည်ကတော့ ဥူးပဉ္ဇင်းရှင်နန္ဒမာလာ ပဲဖြစ်ပါတယ်။

play

 

ညီထွဋ်ခေါင်အနေနဲ့ ၄.၁၁.၂၀၁၇ခုနှစ်မှာ ဗေဒါရွှေကြာ လက်ဖက်နှင့်အကြော်စုံ ငယ်ထွေးနှပ်တန်ဆောင်တိုင် အလှူတော် မင်္ဂလာပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး ရဟန်းဘဝကို ရုတ်တရက် ရောက်ရှိသွားတာကြောင့် ညီထွဋ်ခေါင်ရဲ့ ပရိသတ်တွေကလည်း အံ့သြမဆုံးဖြစ်လို့နေပါတယ်။ ပရိသတ်အများစုကလည်း သာဓု သုံးကြိမ် ရွတ်ခဲ့ကြပါတယ်။

play

 

သရုပ်ဆောင် ညီထွဋ်ခေါင်ကိုတော့ ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးတဲ့ ဖေ့စ်ဘွတ်ရွာရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေအများအပြား ရိုက်ကူးခဲ့ရတာဖြစ်ပြီး ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးထားတဲ့ ဗီဒီယိုဇာတ်ကားတွေကလည်း ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိထားတာဖြစ်ပါ တယ်။

play

 

ညီထွဋ်ခေါင် ကတော့ နိုဝင်ဘာလ ၅ ရက်နေ့မှာစပြီး ရုံတင်ပြသသွားမယ့် မယားကြောက်ရွာ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း သရုပ်ဆောင်သွန်းဆက်ရဲ့ ခင်ပွန်းနေရာက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ရွာတဲ့ ထုံးစံအတိုင်း မယားကိုကြောက်ရတဲ့ လူငယ်အိမ်ထောင်သည်တစ်ယောက် ကာရိုက်တာအဖြစ် ပရိသတ်တွေ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Photo: ညီထွဋ်ခေါင်ဖေ့စ်ဘွတ်, ဆုအိမ့်စံ ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video