မကြာခင်ရုံတင်ပြသတော့မယ့် တာတေကြီးရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကာရိုက်တာမျိုးစုံ၊ ရသမျိုးစုံနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ အကယ်ဒမီသရုပ်ဆောင်နေတိုးကတော့ ဒီရုပ်ရှင်ဇာတ်ကားကြီးက သူ့ကိုတောင်  ပြန်ကြောက်အောင်လုပ်တဲ့ ဇာတ်ကားတစ်ကား ဖြစ်တဲ့ အကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဒီဇာတ်ကားက ကြောက်စရာရယ်၊ ဘဝရယ်၊ ဂေးတစ်ယောက်ရဲ့ မျှော်လင့်ချက်ပေါ့နော်။ ဂေးတစ်ယောက်ရဲ့ Life တစ်ခုရယ်၊ ကြောက်စရာရယ်၊ ချစ်စရာ ကောင်းတာလည်းပါတယ်ပေါ့နော်။ ရသပိုင်း ၄ မျိုး၊ ၅ မျိုးလောက်ကိုအချိုးကျကျပေါင်းစပ်ထားပြီးတော့မှ ကျွန်တော့်ကို ပြန်ကြောက်အောင်လုပ်တဲ့ ဇာတ်ကားတစ်ကားလို့ မြင်မိပါတယ်'' လို့ ဆိုပါတယ်။

play

 

ရသပိုင်းတွေလည်း အများကြီးပါသလို၊ ကိုယ်တိုင်ကြိုးစားမှုတွေလည်း အများကြီးထည့်ခဲ့ရတဲ့ အခက်အခဲလေးတွေကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။

 

'' ရိုက်ကူးမှုတွေမှာ တချို့ဇာတ်ဝင်ခန်းတွေက  နည်းပညာနဲ့ပေါင်းစပ်ထားတော့ ကျွန်တော်တို့ အကြိမ်ကြိမ်အခါခါ လုပ်ခဲ့ရတာတွေ ရှိတယ်။ ရီဟာဇယ်လ် တွေနဲ့ လုပ်ခဲ့ရတာတွေရှိတယ်။ အဓိက ကတော့ ပုံမှန်ထပ်ကို အချိန်ပိုပေးခဲ့ရတယ်ပေါ့နော်။ ခက်ခဲမှုက ကာရိုက်တာပိုင်းမှာကတော့ မိန်းကလေးလို ဝတ်စားဆင်ယင်ရတဲ့ အပိုင်းတွေမှာ နည်းနည်းလေးတော့ ကျဉ်းကျပ်မှုတွေရှိတာပေါ့'' လို့ နေတိုးက ပြောပါတယ်။

play

 

တာတေကြီးရုပ်ရှင်ဇာတ်ကားကြီးကနေ ပရိသတ်တွေကိုပေးချင်တဲ့ သင်ခန်းစာအနေနဲ့ လူတစ်ယောက်ရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေး ဆိုတာ ဂေးတွေမှာပဲ မဟုတ်ဘူး ကလေးမှာလည်း ကလေးအခွင့်အရေးရှိသလို၊ လူကြီးမှာလည်း လူကြီးအခွင့်အရေး၊ ဂေးမှာလည်း ဂေးအခွင့်အရေးရှိတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' အဲ့ဒီလိုမျိုး အခွင့်အရေးနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူသားတွေကို လူသားလိုပဲမြင်ဖို့ ဒီဇာတ်ကားထဲမှာ အဲ့ဒီမက်ဆေ့ခ်ျလေးပါတာပေါ့။ အဲ့ဒါလေးတွေကတော့ တော်တော်လေးထိထိရောက်ရောက်ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ တခြားသော ဇာတ်ကောင် တစ်ကောင် ပေါ့နော် ကလေးသရဲဝင်ပူးတဲ့ ဇာတ်ကောင်ဆိုလည်း ကျွန်တော့်အနေနဲ့ တော်တော်လေး အချိန်ယူပြင်ဆင် ခဲ့ရတယ်။ ကိုယ်ကိုယ်တိုင် ခံစားဖို့ ခဲယင်းတဲ့အခါကျတော့ တကယ် သရဲဝင်ပူးတဲ့ ပုံစံမျိုးနဲ့ နီးစပ်အောင် ကျွန်တော့်ဘက်က တော်တော်လေး ကြိုးစားထားခဲ့ရတယ်'' လို့ သူက ဆိုပါတယ်။

play

 

အကယ်ဒမီသရုပ်ဆောင်နေတိုးကတော့ အခုလက်ရှိမှာ မုန်းစွဲရုပ်ရှင်ဇာတ်ကားကို ဂန့်ဂေါမြို့မှာ စတင်ရိုက်ကူးနေတယ်လို့ သိရ ပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားထဲမှာတော့ နှစ်ဘဝပုံစံ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo: လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေး

SeeMore

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video