ငယ်ပါသေးတယ် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတဲ့ နေဒွေးကတော့ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်ထွန်းထွန်းနဲ့ အတူ သင်ဇာဝင့်ကျော်ကို ဝိုင်းလုကြတဲ့ အခါ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာလေးတွေကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဒီဇာတ်ကားထဲမှာ ဦးရဲအောင် သား ကျွန်တော်နဲ့ Kelvin Kate ပေါ့။ ကိုထွန်းနဲ့ နေနော်နဲ့က ဟိုဘက်မှာ ဦးရန်အောင် သားမတည့်ကြ ဘူး။ Kelvin Kate က ခြောက်နေတာ နေနော့်ကို သွားကြိုက်တော့ ပြဿနာတွေတက်ကြတယ်။ ကျွန်တော်နဲ့ ကိုထွန်းနဲ့က ဘာချိတ်ရှိ လဲ ဆိုတော့ သင်ဇာဝင့်ကျော် ကို ဝိုင်းလုကြတာ။ တစ်ယောက်နဲ့တစ်ယောက် သူနိုင်သွားရင် မင်း ငယ်ပါသေးတယ်၊ ကိုယ်နိုင်သွားရင် မင်း ငယ်ပါသေးတယ်။ဇာတ်ကားလေးက တစ်ယောက်နဲ့ တစ်ယောက် ဖဲ့နေကြတာ။ ရွာမှာ ဒုက္ခ အန္တရာယ်ကြီး ကျရောက်တဲ့ အခါကျ တော့ ဝိုင်းပြီး ကာကွယ်ကြတယ်၊ အသက်တွေပေးလိုက်ရတယ်'' လို့ သူက

ဆိုပါတယ်။

 

play

 

ငယ်ပါသေးတယ် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေချိန်မှာလည်း သူ့ရဲ့ အကြိုက်ဆုံးဇာတ်ဝင်ခန်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ဇာတ်အဖွင့်မှာကတည်းက ကြည့်လို့ကောင်းတာ ကိုထွန်းက ဓားကြီးဆွဲပြီးထွက်လာတယ်၊ ကျွန်တော်ကလည်း ဓားကြီးဆွဲပြီး ထွက်လာ တယ်၊ ဟိုဘက်ကလည်း သူ့အုပ်စုက မလုပ်ပါနဲ့လိုက်တား၊ ဒီဘက်မှာလည်း တားပေါ့ ရှင်းမယ်ဆိုပြီးလုပ်ကြ ပြီးတော့ အရက် ထိုင်သောက်ပြီးတော့ အရက်ဆိုင်မှာ ဓား နှစ်ချောင်း ယှဉ်ပြီးထားတာ ဓား ချင်းလဲသွားတယ်ပေါ့။ ဒါကလည်း သူ့ဓား သူယူ ကိုယ့်ဓားကိုယ်ယူပေါ့ ဒီလိုလေး ဟာသပုံစံလေး အစဖွင့်တာပေါ့ ချစ်ဖို့ ကောင်းပါတယ်။ပရိသတ်အထင်မှာတော့ ခုတ်ကြမယ်၊ ထစ်ကြ မယ် ဒါပေမယ့် ဒီလိုလေးဖြစ်သွားတယ်ပေါ့'' လို့ နေဒွေးက အမှတ်တရပြောပါတယ်။

play

 

ငယ်ပါသေးတယ် ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးရေးနဲ့ပတ်သက်လို့ တကယ့်ကို ရင်းနှီးခင်မင်ကြတဲ့အနုပညာမောင်နှမတွေ ရိုက်ကူး ထားတာဖြစ်တဲ့အတွက် တကယ်ကို စည်းလုံးမှုရှိကြတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်နေဒွေး အနေနဲ့ ငယ်ပါသေးတယ် ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးပြီးရင် ဗီဒီယိုဇာတ်ကားတွေရိုက်ဖို့ရှိပြီး ၂၀၁၈ ခုနှစ်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီး ၆ ကား ရိုက်ဖို့လက်ခံ ထားတယ်လို့ သိရပါတယ်။

Photo: နေဒွေးဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video