သရုပ်ဆောင်ရဲတိုက်ဟာ နို​ဝင်ဘာလအတွင်းမှာပဲ တောင်ငူထောင်ကနေ ထွက်ရတော့မယ်လို့ တောင်ငူအကျဉ်းထောင်မှ စုံစမ်းသိရရှိ ရတာ ဖြစ်ပါတယ်။

play

 

ရဲတိုက်ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထောင်က ထွက်ရမယ်လို့ သတင်းတွေ ကြားတဲ့အတွက် တောင်ငူအကျဉ်းထောင်ကို ဆက်သွယ်ခဲ့ရာမှာ တောင်ငူအကျဉ်းထောင်မှတာဝန်ရှိသူတစ်ဦးက အခုလို အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

 

'' ကိုရဲတိုက်က ဒီလ ၁၄ ရက်နေ့လွတ်မယ်ဆိုတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီလအတွင်းမှာပဲ လွတ်မှာပါ။ ရက်ကတော့ ကျွန်တော်တို့ လည်း မသိသေးဘူး။ သူ့ ရက်စေ့သွားလို့ လွတ်တာပါ''လို့ တောင်ငူအကျဉ်းထောင်မှ တပ်သားကျော်စိုးလွင်က ပြောပါတယ်။

play

 

သရုပ်ဆောင်ရဲတိုက်ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လတုန်းက ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှာ ဆေးခြောက် တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၆ နှစ်ကျခံခဲ့ရတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင်ရဲတိုက်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ လွတ်တော့မယ်လို့ သိရှိထားသော်လည်း တောင်ငူအကျဉ်းထောင် ကို စုံစမ်းမေးမြန်းခဲ့ရာ ရက်အတိအကျ မပြောနိုင် သေးဘူး လို့ဆိုပါတယ်။

play

 

သရုပ်ဆောင်ရဲတိုက်ကို ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် လက်တွဲခဲ့တဲ့ ဆာတိုရီထုတ်လုပ်ရေး အနေနဲ့ သရုပ်ဆောင်ရဲတိုက် လွတ်လာပါက " သူ ထောင်က လွတ်လာတာနဲ့ ဒီအလုပ်တွေ ပြန်လုပ်လာနိုင်အောင် ကျွန်တော်တို့ ဘက်က အကောင်းဆုံး ကြိုးစား နေပါတယ်၊စောင့်မျှော်နေရတဲ့ ပရိသတ်တွေ မျှော်ရကျိုးနပ်အောင် ဇာတ်ကားကောင်းတွေကို အရင်ဆုံးရိုက်ထုတ်ဖို့ စဉ်းလည်း စဉ်းစားတယ် ပြင်လည်းပြင်ဆင်နေပါတယ်'' လို့ ဆာတိုရီရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ရေးက ဦးမျိုးဇော်က Duwun Media ကို ဖြေကြား ခဲ့ပါတယ်။

Photo: ရဲတိုက် Fan Page

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video