AD
AD
AD

ငယ်ပါသေးတယ်ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်နေတဲ့ အကယ်ဒမီထွန်းထွန်းကတော့ ဒီရုပ်ရှင်ဇာတ်ကားကြီးက အကြောင်းအရာတွေနဲ့ အတူ ၂၀၁၇ခုနှစ်ထဲမှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေအတွက် ရင်ခုန်သံစကားကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ညီအစ်ကိုနှစ်ယောက်မှာ အကြီးပေါ့။ နယ်နေလူတန်းစားကောင်လေးပေါ့ တကယ်လိုအပ်လာပြီဆိုရင် စတေးကြတယ်၊ ဝိုင်းပြီးတော့ ကာကွယ်စောင့်ရှောက်ကြတယ်။ ဒါက ဟာသဆိုပေမယ့် စတိုင်လ်ရာ ပုံစံကြီးမဟုတ်ဘူး။ အီဖေကိုယ်တို့ရွေးကောက်ပွဲ ၊ ရုံးပတီသီး လေး တို့ဆိုရင် စတိုင်လ်ရာ အစစ်တွေ ဒီဇာတ်ကားဆိုရင် စတိုင်လ်ရာ ပါးပါးလေးပါပြီး ကော်မတီဆိုရင်တောင်မှ ပလော့ဂ်ျ ကော်မတီပဲ ပါတာ။ ဇာတ်ညွှန်းကော်မတီလေးတွေ ရိုက်ဖို့ အကြောင်းဖန်လာတဲ့အတွက် လက်ခံဖြစ်တာပါ'' လို့ သူကဆိုပါတယ်။

play

 

၂၀၁၇ ခုနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေ အရိုက်များနေတဲ့ ထွန်းထွန်းကတော့ အနုပညာအလုပ်တွေလုပ်နေပေမယ့် ဇာတ်ကောင် စရိုက် ကို သရုပ်ဆောင်ရတဲ့အခါ သူ့ဘက်က အထူးခြားဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ်လို့ဆိုပါတယ်။

 

'' ဇာတ်လမ်းတိုင်းကတော့ ကျွန်တော့်အတွက် ထူးခြားနေတုန်းပါပဲ။ နှစ်အပိုင်းအခြားထဲမှာ အလုပ်တွေလုပ်နေတယ်ဆိုပေမယ့်လည်း ဒီဇာတ်ကောင်စရိုက်ကို သရုပ်ဆောင်ရတဲ့အခါမှာကိုယ့်ဘက်က အမြဲတမ်း မတူအောင်၊ မထပ်အောင် အိမ်ထောင်စုတစ်ခုမှာ အငယ်ဆုံးသားဆိုရင်တောင် ဘယ်လိုအငယ်ဆုံးသားလည်းဖြစ်အောင် ကြိုးစားပြီးတော့ ဒါရိုက်တာရဲ့လိုအပ်ချက်တွေကို အကောင်းဆုံး ကြိုးစားသွားဖို့ နဲ့ အားလုံးက စိန်ခေါ်မှုတွေပါပဲ'' လို့ ထွန်းထွန်းက ပြောပါတယ်။

play

 

သရုပ်ဆောင်အကယ်ဒမီထွန်းထွန်းကတော့ ၂၀၁၇ ခုနှစ်ထဲမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်းများသလို၊ သူ့ရဲ့ ပရိသတ်တွေကလည်း နောက်ထပ်အနုပညာမှတ်တိုင်တစ်ခုဖြစ်ပေါ်လာဖို့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေတယ်လို့သိရပါတယ်။ သူ့အနေနဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတဲ့အတွက် ကျန်တဲ့အပိုင်းကို ရိုးသားစွာဝန်ခံရရင်မသိတာကြောင့် ထွန်းထွန်းရဲ့ ဇာတ်ကားတွေကို ပရိသတ်တွေအားပေးရင် ကျေနပ်ပါပြီလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

photo: ထွန်းထွန်းဖေ့စ်ဘွတ်

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD