သရုပ်ဆောင်နေတိုးကတော့ 7 Sense  Film Production နဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ဖို့ ၂ နှစ်စာ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ နောက်ထပ်လည်း ပရိသတ်တွေကို အားကောင်းမယ့်အနုပညာတင်ဆက်မှုတွေကို အတွဲညီညီချပြသွားမယ့် အကြောင်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' ရုပ်ရှင်ရိုက်ကူးဖို့အတွက်စာချုပ်ချုပ်ဖြစ်တယ်ဆိုတာကတော့ နိုင်ငံတကာမှာရှိတဲ့ ပုံစံမျိုးပေါ့နော်။ ရုပ်ရှင်ကို ပူးပေါင်းဆောင်ရွက် မယ်။ တကယ်ကို ကားကောင်းကားသန့်တွေနဲ့ ရုပ်ရှင် Level တစ်ခုကို မြင့်မားအောင်ဆောင်ရွက်ကြမယ်၊ စိတ်တူကိုယ်တူ ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စပြီးတော့ စာချုပ်ချုပ်ဖြစ်တာပါ'' လို့ ဆိုပါတယ်။

play

 

ပူးပေါင်းဆောင်ရွက်ကြမယ့် အနုပညာဖန်တီးမှုတွေရဲ့ အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

 

'' ဝတ္ထုတွေ အများကြီးရှိတယ်၊ ဇာတ်လမ်းတွေအများကြီးရှိတယ် ဒါပေမယ့် ရိုက်ကူးဖို့ မတို့ရဲ၊ မထိရဲ နဲ့ ဒီလိုဇာတ်ကားမျိုးကို ကျွန်တော် တို့ မြန်မာပြည်မှာရိုက်ရင် အောင်မြင်ရင်တောင်မှ ပြန်ရဖို့ ခဲယဉ်းတယ်ပေါ့နော်။ ကုန်ကျစားရိတ်များမယ်ဆိုတဲ့ အချိန်အခါ တွေရှိခဲ့တယ်။ အဲ့ဒီလို အရာတွေကို ဒီစာချုပ်ကနေ အသက်သွင်းပေးမယ်။ ဥပမာ တစ်နှစ်ကိုရုပ်ရှင် ၅ ကား ရုံတင်မယ် ဆိုရင် ၃ ကား၊ ၄ ကားလောက်က ပရိသတ်ကြည့်ဖို့အတွက် အရမ်းအခွင့်အရေးနည်းတဲ့ ဇာတ်လမ်းတင်ပြမှုပုံစံတွေ ဖြစ်မယ်ဆိုတော့ ရုပ်ရှင် Level တစ်ခုကို ရချင်တယ်။ ကြည့်ရှုတဲ့ ပရိသတ်ကိုလည်း ကျွန်တော်တို့က ပေးချင်တဲ့ရသအပိုင်းကို ထိထိရောက်ရောက်နဲ့ တကယ်ရိုက်ကူး မှုကို ရုပ်ရှင်ဆန်ဆန် ရိုက်ကူးနိုင်တဲ့ နည်းတစ်ခုကို ကျွန်တော်တို့ ညှိနှိုင်းလို့ အဆင်ပြေတဲ့အတွက်ကြောင့်မို့လို့ လက်ရှိတင်ပြမှုပုံစံတွေ ထက်မြင့်မားတဲ့ပုံစံမျိုး ပရိသတ်ကိုပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် လုပ်ဖြစ်တယ်'' ဆိုတာကိုလည်း နေတိုးက ပြောပါတယ်။

play

 

7 Sense  Film Production နဲ့အတူ စာချုပ်ချုပ်ဆိုလိုက်ခြင်းအားဖြင့် နေတိုးရဲ့ ပရိသတ်တွေအတွက် ထိရောက်တဲ့ ရိုက်ကူးမှုတွေ၊ ပရိသတ်အတွက် ကြိုးစားခွင့် နောက်တဆင့်ဖြစ်ပေါ်လာနိုင်မယ့် အကြောင်းကိုလည်း Duwun Media ကနေဖြေဆိုခဲ့ပါသေးတယ်။

'' ပရိသတ်တွေကို ထိရောက်တဲ့ဇာတ်လမ်းပုံစံမျိုးတွေ မပေးနိုင်သေးဘူး သရုပ်ဆောင်တွေကို အားကိုးတယ်၊ နာမည်ကြီး မင်းသား၊ မင်းသမီးတွေ နာမည်ကြီး ဒါရိုက်တာတွေ၊ နာမည်ကြီးဇာတ်လမ်းတွေပေါ့နော် အဲ့ဒီလိုမျိုးတွေကို အားယူပြီးတော့ပဲ ကျွန်တော်တို့က ရုပ်ရှင်တွေဖန်တီးကြတယ်။ အခုကတော့ အသစ်ဖြစ်တဲ့အတွက် အားကောင်းတဲ့အနုပညာဖန်တီးမှုတွေလည်း ပါဝင်မယ်။ ရိုက်ကူးဖို့ အတွက် ခက်ခဲခဲ့တဲ့ဇာတ်လမ်းမျိုး တွေလည်း ပါဝင်မယ်ဆိုတာ ကျွန်တော့်ပရိသတ်တွေအတွက် ပိုပြီးတော့ ကြိုးစားခွင့် နောက်တစ် ဆင့် ရနိုင်မယ်ဆိုတဲ့ အနေအထားတစ်ခုနဲ့ ကျွန်တော်တို့က အလုပ်လုပ်ဖြစ်တာပေါ့'' လို့ သူကဆိုပါတယ်။

play

 

အကယ်ဒမီနေတိုးနဲ့ 7 Sense  Film Production တို့ရဲ့  ၂ နှစ် စာချုပ်ချုပ်ဆိုခြင်းကတော့ ၂၀၁၈ ခုနှစ် ၆ လပိုင်းက စလို့ အကျုံးဝင် သွားမှာဖြစ်ပြီးရုပ်ရှင်ဇာတ်ကားတွေရိုက်ဖို့ရှိတယ်လို့ဆိုပါတယ်။ နေတိုး အနေနဲ့ 7 Sense  Film Production နဲ့ စာချုပ်ချုပ် ပြီးတဲ့ နောက် တခြားထုတ်လုပ်ရေးတွေနဲ့လည်း ရုပ်ရှင်ရိုက်ကူးလို့ မရဘူးလို့ သိရပါတယ်။

Photo: နေတိုးဖေ့စ်ဘွတ်ပေ့ခ်ျ

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video