သရုပ်ဆောင် စိုးရန်အောင်နဲ့ သရုပ်ဆောင် သက်သခင်တို့ရဲ့ စေ့စပ်ကြောင်းလမ်းပွဲကို  နိုဝင်ဘာလ ၉ ရက်နေ့ မနက်၉ နာရီအချိန်က စပြီး အင်းယားလိပ်ဟိုတယ် မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ချစ်သူသက်တမ်း၈ နှစ် နီးပါးကြာပြီဖြစ်တဲ့ သူတို့နှစ်ယောက် ကတော့ စီးပွားရေးကို အဓိက ထားနေတာကြောင့် မင်္ဂလာသတင်းကြားရဖို့ ကြာနေတာပါလို့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ ဖူးပါတယ်။

play

စိုးရန်အောင်ကိုတော့ နိုင်ငံတော်အကျိုးပြုဇာတ်လမ်းတွေ၊ ပညာပေးဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင် အားပေးခဲ့ကြတာဖြစ်ပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ကျွန်တော့်ရည်းစားဘုရားမှာနေသည် ရုပ်ရှင်ဇာတ်ကားကြီး ကလည်း ပရိသတ်တွေအားပေးခဲ့ကြသလို ၂၀၁၆ ခုနှစ်အကယ်ဒမီစာရင်းဝင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ သရုပ်ဆောင် သက်သခင်ကိုတော့ မော်ဒယ်လ်တစ်ယောက်အဖြစ် ပရိသတ်တွေစတင်အားပေးခဲ့ကြတာဖြစ်ပြီး တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေရဲ့ အားပေးခြင်းကို ရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

play

 

အစားအသောက်ကို နှစ်သက်ကြတဲ့ ချစ်စရာစုံတွဲတစ်တွဲဖြစ်တဲ့ စိုးရန်အောင်နဲ့ သက်သခင်တို့ရဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ My's Pizza ဆိုင်လေးကို သြဂုတ်လ ၂၈ ရက်နေ့က အမှတ် (၁၁) C / ကျောက်ကုန်းလမ်းမ၊ ရန်ကင်းမြို့နယ်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပြီး အနုပညာညီအစ်ကိုမောင်နှမများနဲ့ အတူ အနုပညာရှင်တွေဖြစ်ကြတဲ့ သူတို့နှစ်ဦးရဲ့ ပရိသတ်တွေကလည်း လာရောက် အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

Photo: Kyaw Swar Myint (Golden Light) , သက်သခင်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video