အောက်တိုဘာလတုန်းက အမြွှာရင်သွေး သားယောက်ျားလေးနှစ်ယောက်ကို ပိုင်ဆိုင်ခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင်ဝီလျှံကတော့ ကလေးလေးတွေက လသားလေးတွေဖြစ်တာကြောင့် နမ်းလို့လည်း မရသေးသလို ပွေ့ချီချင်နေပြီလို့ဆိုပါတယ်။ အသစ်ဆက်ဆက် ဖခင်တစ်ယောက်အနေနဲ့ သားလေးတွေကြောင့်အရင်လို ပျင်းမနေတော့ပဲ အလုပ်တွေကြိုးစားချင်နေတဲ့စိတ်ဖြစ်လာတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အမှန်အတိုင်းပြောရရင် သူတို့ကိုအရမ်းနမ်းချင်နေပြီ။ ဒါပေမယ့် လသားကလေးတွေကို မနမ်းရဘူးဆိုပြီးတော့ ပြောထားတော့ ကြည့်ပဲကြည့်နေရတယ်။ သေးသေးလေးတွေဆိုတော့လည်း မကိုင်တော့မကိုင်ရဲသေးဘူး။ ဒါပေမယ့် ချီတော့ ချီမှာ ချီချင်နေပြီ။ အဲ့ဒီအတွက် ကိုယ့်သားသမီးကို ကိုယ်ကိုတိုင် ပြုစုချင်လို့ သူနာပြုဆီမှာ ပြန်သင်နေရတယ်'' လို့ ဆိုပါတယ်။

play

 

အမြွှာကလေးတွေရဲ့ ဖေဖေဖြစ်တဲ့အတွက် နောင်တစ်ချိန်သူတို့လိုချင်တာကို ပူဆာတဲ့အခါ နှစ်ခုဆီဝယ်ပေးရမှာဖြစ်တာကြောင့် အလုပ်တွေပိုလုပ်ချင်လာတဲ့အကြောင်းကိုလည်း ဝီလျှံက ပြောပါတယ်။

 

'' သူတို့အတွက်၊ သူတို့ရှေ့ရေးအတွက် သူတို့လိုချင်တာတွေ ဝယ်ပေးချင်တယ်။ ကျွန်တော်တို့သိနေတယ်လေ အခုဆိုရင် I phone 10 တို့ အဲ့ဒါမျိုးတွေ တောက်လျှောက်ပူဆာတော့မှာ ကြီးလာရင်ပေါ့။ အဲ့ကျရင် ကျွန်တော်က တစ်လုံးတည်း လည်းဝယ်ပေးလို့မရဘူး အမြွှာဖြစ်နေတဲ့အခါကျတော့ ၂ လုံး စီဝယ်ပေးရမှာဖြစ်တော့ အဲ့ဒီအတွက်ကြိုတွေးပြီးတော့ အလုပ်တွေအများကြီးလုပ်ဖို့ တွေးထားပါ တယ်။ ဟိုးအရင်တုန်းကဆိုရင် လုပ်ချင်မှလုပ်တယ်၊ သွားချင်မှသွားတယ်၊ တစ်ခါတစ်လေကျရင် အိမ်ထဲမှာနေတာပဲများတယ် အပြင် ထွက်ဖို့ ပျင်းနေတာပဲ။ အခုတော့ ငါ့သားလေးတွေအတွက် လုပ်ရမှာပဲဆိုတဲ့ အတွေးမျိုးနဲ့ အဲ့ဒီစိတ်တကယ်ဝင်လာတာပါ'' လို့ သူက ဆိုပါ တယ်။

play

 

အဆိုတော်၊ သရုပ်ဆောင် ဝီလျှံနဲ့ သူ့ရဲ့ ဇနီးတို့ကတော့ အောက်တိုဘာလ ၂၂ ရက်နေ့က အမြွှာရင်သွေး သားရတနာလေးတွေကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ဝီလျှံက ဖခင်တစ်ယောက်ဖြစ်တဲ့အတွက် သားလေးတွေအတွက်ဆိုတဲ့ စိတ်နဲ့ အလုပ်တွေပိုလုပ်ချင် လာတယ်လို့သိရပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာပဲဖြစ်ပါတယ်။

Photo: ဝီလျှံဖေ့စ်ဘွတ်

See More

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video