AD
AD
AD

ပုဂံမြို့သူရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာအဖြစ်ရော၊ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ပါဝင်သွားမယ့် ဦးကျော်သူကတော့ ဒီရုပ်သံဇာတ်လမ်းတွဲကို ပုဂံမှာ ၃ လအကြာသွားရောက်ရိုက်ကူးမှာဖြစ်ပြီး ဇာတ်လမ်းပုံစံက လူဝင်စားဇာတ်လမ်း လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

play

 

'' ဒီဇာတ်ကားထဲမှာတော့ ပုဂံခေတ်ကတည်းက အသက်ရှင် ရှင်သန်ခဲ့တဲ့ လူဝင်စားလူကြီးတစ်ယောက် လုပ်ရမှာပါ။ ဒီဇာတ်ကားက တော့ လူဝင်စားဇာတ်လေ။ ဇာတ်ကားကတော့ ဒရာမာကားဖြစ်ပေမယ့်  အက်ရှင်ပုံစံမျိုးကျွန်တော်က ရိုက်မှာပါ။ ဆန့်ကျင်ဘက် ရိုက်ချက်ကိုရိုက်မှာပါ'' လို့ ဆိုပါတယ်။

play

 

ပုဂံမြို့သူ ဆိုတဲ့အတိုင်း ပုဂံရဲ့ယဉ်ကျေးမှုကိုလည်းတင်ပြရမှာဖြစ်ပြီး ပုဂံရဲ့ ဂုဏ်သိက္ခာကိုလည်း မြှင့်တင်ပေးရမယ့်ဆန်းပြားတဲ့ ဇာတ်အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

'' ပုဂံမြို့သူ ဆိုတာကတော့ လူဝင်စားဇာတ်ဖြစ်တဲ့အတွက် ပုဂံရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံကိုလည်း ကျွန်တော်တို့ တင်ပြရမယ်။ ပုဂံရဲ့ ဂုဏ်သိက္ခာကိုလည်း ကျွန်တော်တို့ မြှင့်တင်ပေးရမယ်။ ပုဂံခေတ်က လှုပ်ရှားမှုတွေပါသလို အခုခေတ်လှုပ်ရှားမှုတွေလည်း ပါမယ် ဒါတွေကတော့ ဆန်းပြားတဲ့ဇာတ်တစ်ခုပေါ့လေ'' လို့ ဦးကျော်သူက ပြောပါတယ်။

play

 

ပုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲကတော့ အရင်က ဦးကျော်သူနဲ့ မို့မို့မြင့်အောင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဒဏ္ဍာရီထဲက သတို့သမီး ရုပ်ရှင်ဇာတ်ကားကြီးကို ခွင့်မပြုခဲ့တာကြောင့် မကျေပွဲပြန်ရိုက်တာလို့ ဆိုပါတယ်။

 

'' အရင်တုန်းက ကျွန်တော်ရိုက်ခဲ့တဲ့ ဒဏ္ဍာရီထဲက သတို့သမီးဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ခဲ့တယ်။ အကယ်ဒမီ မို့မို့မြင့်အောင်နဲ့ ကျွန်တော်ရိုက်တယ်။ အဲ့ဒီတုန်းကလူဝင်စားဆိုတာကို ခွင့်မပြုဘူး ကျွန်တော်တို့ရုပ်ရှင်ဇာတ်ကားကြတော့ လူဝင်စားဆိုတာ ခွင့်မပြု ဘူး။ အဲ့ဒီတုန်းက ဒါရိုက်တာဇင်ယော်မောင်မောင်ရိုက်တဲ့ ရခိုင်ပြည်က ကစ္စပနဒီ ဇာတ်ကျတော့ အဲ့ဒီဇာတ်က လူဝင်စား ဒါကို ရုပ်မြင်သံကြားက ခွင့်ပြုတယ်။ အဲ့ဒီတုန်းက မူဝါဒတွေက အမျိုးမျိုးဖြစ်နေတဲ့အတွက် ဒီအချိန်မှာ ကျွန်တော် မကျေပွဲပြန်နွှဲတာပဲ။ ဒစ်ဂျစ်တယ် ကင်မရာတွေရဲ့ အဆင့်မြင့်မားမှု ကျွန်တော်ရိုက်ချင်တဲ့ ရိုက်ချက်တွေကို အားသွန်ခွန်စိုက် အကောင်းဆုံး ဖြစ်အောင် လုပ်သွားမှာပါ'' လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

play

 

ပုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာကျော်သူက ပုဂံမှာပဲ ၃ လကြာရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင်များဖြစ်ကြတဲ့ ကျော်သူ၊ ဒေါင်း၊ မေမြင့်မိုရ်တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲကိုတော့ MRTV-4 ရုပ်သံလိုင်း မှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD