AD
AD
AD

အလှမယ် မိုးစက်ဝိုင်ပါဝင်ရိုက်ကူးထားတဲ့ KIRA KIRA JAPAN (II) ခရီးစဉ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ ကစပြီး MWD Documantary ရုပ်သံလိုင်းမှာထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ ပထမ ခရီးစဉ်ထက် ဒုတိယခရီးစဉ်မှာ အတွေ့ အကြုံအသစ် တွေထပ်မံရရှိခဲ့သေးတယ်ဆိုတဲ့ မိုးစက်ဝိုင်က Duwun Media ကို အခုလိုပြောပြခဲ့ပါတယ်။

play

 

'' Season 1 မှာဆိုရင်လည်း တော်တော်များများကိုရောက်ရှိခဲ့ပါတယ်။  Season 2 မှာဆိုရင်တော့ မိုးစက် အသေးစိပ်က အစ၊  အစား အသောက် ပိုင်း၊ ယဉ်ကျေးမှုနဲ့ သူတို့ရဲ့ သမိုင်းတွေကို ပိုပြီးတော့လေ့လာဖြစ်ပါတယ်။ Season 2 မှာဆိုရင် တော့ ဆာမူရိုင်းတွေ အကြောင်းကို  ဦးနှောက်ထဲမှတ်မှတ်ရရ စွဲပြီးကျန်ခဲ့တယ်။ သူတို့အချိန်အခါတုန်းက သူတို့ရဲ့ ပြတိုက်၊ ရဲတိုက်ကြီး ကျရှုံးနေပြီ လို့ ထင်ပြီး တော့ သူတို့ ၂၁ ယောက်စလုံးက ကိုယ့်ကိုယ်ကို သတ်သေသွားတယ်။ တကယ်တော့ ကျရှုံးတာမဟုတ်ဘူး သူတို့ရဲ့ သမိုင်းမှာ ဆိုရင် တကယ့်ကိုဝမ်းနည်းစရာကောင်းတဲ့ သမိုင်းကြီးလိုဖြစ်နေတယ်၊ ဒါကိုတော့ မိုးစက်အစွဲဆုံးပေါ့'' လို့ ဆိုပါတယ်။

play

 

မိုးစက်ဝိုင်အနေနဲ့ ဒုတိယအကြိမ်မြောက်ဂျပန်ခရီးစဉ် အစီအစဉ် ၂ မှာ ဆာမူရိုင်းတွေအကြောင်းလေ့လာဖြစ်ခဲ့သလို နောက်ထပ် အမှတ်တရ ရှိခဲ့တဲ့ နေရာဒေသတွေအကြောင်းလည်း အခုလိုပြောပြခဲ့ပါတယ်။

 

'' မိုးစက်က ရေကြိုက်တော့ သူတို့ဆီမှာ ဂန်းဘဲမြစ်ဆိုတာရှိတယ်။ ဖူဂျီတောင်ကနေဆင်းတဲ့ ရေခဲမြစ်ပေါ့။ ဒါကတော့ မိုးစက် တို့ ဆီမှာဆိုရင် မလိခ လိုမြစ်ပေါ့။ ရေကအရမ်းကြည်တယ်။ တကယ်ကို သန့်ပြီးတော့ နေချင်စရာနေရာလေးပေါ့။ Kira Kira Program နဲ့အတူ သွားတာ ၄ ခေါက်ရှိပြီ ဒီ ၄ခေါက်မှာ သူတို့ရဲ့ စည်းကမ်းတွေ၊ သူတို့ရဲ့ တိကျပုံတွေကအစ မိုးစက်လည်း နည်းနည်း ကူးလာ တယ်။ အဲ့ဒါတွေက မိုးစက်အနေနဲ့ ကောင်းတဲ့အကျင့်တွေလို့လည်း မြင်ပါတယ်။ ကိုယ့်ကိုယ်ကို တောင်းဆိုချက်တွေ ပိုများလာတယ်။ အလုပ်ကို သိပ်မငြီးတော့ဘူး အရင်တုန်းကဆိုရင် ကိုယ့်ကိုယ်ကို အလုပ်အရမ်းငြီးတယ် ပင်ပန်းတယ် ပေါ့။ ဒါပေမယ့် ဂျပန်သွားတဲ့ အချိန်မှာ ဘယ်သူမှမငြီးဘူး။ ဒီပြန်ရောက်တဲ့အခါကျတော့ မိုးစက်လည်း ပြန်စဉ်းစားတယ် ငါလည်း မငြီးတော့ဘူးပေါ့ ရရှိလာတဲ့ အကျိုး လေးတွေပေါ့" လို့ မိုးစက်ဝိုင်က ပြောပါတယ်။

play

 

မိုးစက်ဝိုင်ပါဝင်ထားတဲ့ Kira Kira Japan ခရီးစဉ် ၁ တုန်းကလည်း သူကိုယ်တိုင်တင်ဆက်ပြသထားတဲ့ နေရာတချို့ကို Fan တွေက လည်း သွားရောက်လည်ပတ်ခဲ့ကြတယ်လို့ သိရပါတယ်။ KIRA KIRA JAPAN (II) အစီအစဉ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က စပြီး MWD Documentary မှာ စနေနေ့ည ၆ နာရီခွဲ ကနေ ၇ နာရီအထိ အပတ်စဉ်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD