AD
AD
AD

ဖေ့စ်ဘုတ်ဘုရင်မ ရုပ်ရှင်ဇာတ်ကားကြီးအထူးပြသပွဲကို နိုဝင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်တဲ့ အမှတ်တရစကားသံတွေကိုလည်း Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

လူမင်း (အကယ်ဒမီ)

_____________________

ဇာတ်ကားနာမည်ကိုက ဇာတ်ကားရဲ့ အကြောင်းအရာကိုပေါ်လွင်နေပါတယ်။ ဖေ့စ်ဘုတ်ဘုရင်မ ဆိုတဲ့အတိုင်းပဲ ဒီတစ်ကားလုံး မှာပါ တဲ့ အကြောင်းအရာတွေအားလုံးက ဒီနေ့ ဖေ့စ်ဘုတ် သုံးတဲ့လူတိုင်း ပြောဆိုလုပ်ဆောင်နေကြတဲ့အရာတွေကိုပဲ ရီစရာ ပျော်စရာ ဇာတ်ကားလေးအဖြစ် ဖန်တီးထားတဲ့ သဘောပါ။

play

 

ခင်လှိုင်

_____________

ကျွန်တော် ဒီဇာတ်ကားမှာ ပါဝင်ရတဲ့ကာရိုက်တာက နယ်ကတက်လာတဲ့ ဖေ့စ်ဘုတ်ဆယ်လီတစ်ယောက်ဖြစ်ချင်တဲ့ သူပေါ့။နည်းနည်း ခပ်ကြောင်ကြောင်ပါပဲ၊ အဝတ်အစားဒီဇိုင်းလေးကိုလည်း ပုံစံလေးပြောင်းထားပါတယ်။

play

 

တက္ကသိုလ်ဂွမ်းပုံ(အကယ်ဒမီ)

_________________________

ဖေ့စ်ဘုတ် သုံးတဲ့သူတွေအကုန်လုံး ဘုရင်မ၊ ဘုရင်တွေပါပဲ။ ဖေ့စ်ဘုတ်သုံးကြတဲ့ သူတိုင်းဟာ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေး ဆိုတာမျိုးကိုပြောချင်တဲ့ဇာတ်ကားလေးပါပဲ။ ဘယ်သူက ဘုရင်မရယ်လို့မဟုတ်ပါဘူး။ ဖေ့စ်ဘုတ်အကောင့်မှာကတည်းက ကိုယ့်ကိုယ် ကို ဆယ်လီဖြစ်ချင်တယ်။

play

 

ဖေ့စ်ဘုတ်ဘုရင်မ ရုပ်ရှင်ဇာတ်ကားကြီးကို လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာပြည်ဟိန်းသီဟ ပုံဖော်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကယ်ဒမီလူမင်း၊ ကျော်ကျော်ဗို၊ ရွှေမှုံရတီ၊ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံ၊ ခင်လှိုင်၊ ဒိန်းဒေါင် တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဖေ့စ်ဘုတ်ဘုရင်မ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၁၇ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Photo: လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေး

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD