AD
AD
AD

ကမ်းလှမ်းလာတဲ့ ကာရိုက်တာတိုင်းကို အပီပြင်ဆုံးနဲ့ အကောင်းဆုံးသရုပ်ဆောင်တတ်တဲ့ ခင်လှိုင် ကတော့ ဖေ့စ်ဘုတ်ဘုရင်မ ရုပ်ရှင် ဇာတ်ကားကြီးထဲမှာ နိုင်ငံကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန် နဲ့ ဖေ့စ်ဘုတ်ပေါ်က ဆယ်လီအဆိုတော်တစ်ဦးဖြစ်တဲ့ ထျန်ပါး တို့ရဲ့ ကာရိုက်တာပုံစံ သရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်းအပေါ် Duwun Media  ကနေတဆင့် တောင်းပန်စကား ဆိုခဲ့ပါ တယ်။

play

 

'' ဒါရိုက်တာကနေပြီးတော့ သူလုပ်စေချင်တဲ့ ပုံစံလေးကိုပြောပြတယ်။ အဲ့ဒါဆိုရင် အနီးစပ်ဆုံးတူအောင် လုပ်ပေးတာပေါ့။ ဒီ ဇာတ်ကားထဲမှာ စော်ကားထားတာ တစ်ခုမှမပါ ပါဘူး။ ဖေ့စ်ဘုတ်ဆယ်လီတစ်ယောက်ဖြစ်ချင်တဲ့အတွက် အောင်မြင်တဲ့သူတွေကို လိုက်ပြီးတော့ အားကျအတုယူပြီးလုပ်တဲ့ ပုံသဏ္ဍာန်မျိုး လုပ်တာပါ'' လို့ ဆိုပါတယ်။

play

 

ခင်လှိုင်ကတော့ လေးစားရတဲ့ အိုင်ဒေါတစ်ဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်နဲ့ ထျန်ပါး နဲ့ သူ့ရဲ့ Fan တွေကိုလည်း အခုလို တောင်းပန် စကားဆိုခဲ့ပါသေးတယ်။

 

'' မြန်မာပြည်သိန်းတန် ကတော့ ကျွန်တော်အရမ်းလေးစားရတဲ့ အနုပညာရှင်ပါ။ ကျွန်တော့်ရဲ့ အိုင်ဒေါပါ။ သူ့ပုံသဏ္ဍာန်တွေလည်း ကျွန်တော်လုပ်တယ် ဒါဟာ သူ့ကိုပျက်ရယ်ပြုတာ မဟုတ်ပါဘူး။ အခုကတည်းက ကြိုပြီးတော့ တောင်းပန်ထားပါတယ်။ ဒီဇာတ်ကား လေးကြည့်တဲ့အခါမှာ အမြင်စောင်းမှာကြောက်ပါတယ်။ ဦးသိန်းတန်ရဲ့ ပရိသတ်တွေကလည်း တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့နေပါတယ် အင်မတန်အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော့်ကိုအထင်လွဲမှာကြောက်ပါတယ်။ ကျွန်တော် ရိုးရိုး သားသား ရီစရာအနေနဲ့ အန်ကယ်လ်ရဲ့ ပုံသဏ္ဍာန်ကို မှီငြမ်းပြီးလုပ်တာပါ။ အန်ကယ်လ့်ကို  သရော်တာမဟုတ်ဘူးလို့ တစ်ခါ တည်း တောင်းပန်ပါတယ်။ နောက်ထပ် ကိုထျန်ပါး  ပုံစံလေးလည်း ကျွန်တော်လုပ်ပါတယ်။ ကိုထျန်ပါးကို ချစ်တဲ့ Fan တွေလည်း အများကြီး ရှိမှာပါ။ ကိုထျန်ပါးရော၊ ကိုထျန်ပါးရဲ့ Fan တွေကိုရော ကြိုပြီးတော့ တောင်းပန်ပါတယ်။ သရော်ပြီး ပျက်ရယ်ပြုပြီးတော့ လုပ်ထားတာမဟုတ်ပါဘူး။ အနုပညာရှင်တစ်ယောက်ကို အားကျတဲ့ ပုံစံမျိုးနဲ့ပဲ လုပ်တာပါ။ သူတို့ ဒီဇိုင်းလေးကိုပဲ ယူပြီးတော့ လုပ်တာပါ'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ခင်လှိုင်အနေနဲ့ ဖေ့စ်ဘုတ်ဘုရင်မ ရုပ်ရှင်ဇာတ်ကားထဲမှာ နယ်ကတက်လာတဲ့ လူတစ်ယောက်၊ ဖေ့စ်ဘုတ်ဆယ်လီ ဖြစ်ချင် တဲ့သူတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လည်း လက်ခံရိုက်ကူးနေရတယ်လို့ သိရပါတယ်။

Photo: Duwun, Lucky seven

See more

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD