AD
AD
AD

အခုလက်ရှိရုံတင်ပြသနေတဲ့ အမည်ပေါက်နဲ့ကျူး ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးခဲ့စဉ်က ကျူးကျော်ရပ်ကွက်တစ်ခုမှာ သွားရောက် ရိုက်ကူးခဲ့စဉ်က ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကြောင့် ပျော်ခဲ့ရပြီး ရိုက်ကူးရေးအဖွဲ့တွေရဲ့ အလှူကြောင့် ပရိသတ်တွေလည်း ဝမ်းသာခဲ့ရတယ်ဆိုတာကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' ကျူးကျော်ရပ်ကွက်မှာနေတဲ့ ပရိသတ်တွေကလည်း အရမ်းချစ်ကြတယ်။ ကိုယ်တွေကိုလည်း လာအားပေးတယ် တစ်ခါတစ်လေ ကျရင် အားတောင်နာတယ်။ ကိုယ်တွေကလည်း ဒီဘက်မှာ ရိုက်နေရင်း အသံတွေပါမှာစိုးလို့အော်ဟစ်ပြီးတော့ ဒါရိုက်တာတွေက ပြောရတယ်ပေါ့။ အိချောတို့လည်း အလုပ်လေးတစ်ခု ပြီးမြောက်အောင်လို့ ပါ ဟိုမှာ သွားရိုက်တော့လည်း တကယ်ပဲ မီးမဖွားနိုင်တဲ့ မိသားစုက အမျိုးသမီးတစ်ယောက်ကိုတောင် အိချောတို့ အဖွဲ့က စုပြီးတော့ အလှူငွေလေးပေးခဲ့သေးတယ်။ သူတို့တောင် အရမ်းဝမ်းသာသွားကြတယ်'' လို့ အမှတ်တရဖြစ်ရပ်လေးကို ပြောပြခဲ့တာပါ။

play

 

မိခင်မေတ္တာကို ဖော်ကျူးပြသထားတဲ့ ကာရိုက်တာကြောင့် အခက်အခဲရှိခဲ့ပေမယ့် အကောင်းဆုံးကြိုးစားထားပြီး နောက်ထပ် အနုပညာ လှုပ်ရှားမှုအကြောင်းတွေကိုလည်း မိတ်ဆက်ပြောပြခဲ့ပါတယ်။

 

'' ဒီဇာတ်ကားလေးက အိချောအတွက်အရမ်းခက်ခဲတယ်။ မိခင်မေတ္တာလေးတွေလည်းပါတဲ့အတွက် အိချော အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ နောက်ထပ်အနုပညာလှုပ်ရှားမှုအနေနဲ့ ကိုမြင့်မြတ်နဲ့ ဖွတ်ကျားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်နေတယ်။ နောက်ပြီးတော့လည်း ကိုမြင့်မြတ်နဲ့ ဖားကင်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားရိုက်ဖို့ရှိပါတယ်'' လို့ အိချောပိုက ပြောပါတယ်။

play

 

အိချောပိုပါဝင်ထားတဲ့ အမည်ပေါက်နဲ့ကျူး ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသလျှက်ရှိပြီး နိုဝင်ဘာလ ၁၃ ရက်နေ့ (အမျိုးသားနေ့) မှာတော့ အမည်ပေါက်နဲ့ကျူး အမျိုးသား နေ့ အောင်ပွဲအမှတ်တရအနေနဲ့ ရှေ့ဆောင်ရုပ်ရှင်ရုံမှာ နေ့လည် ၁၁ နာရီ ၄၅ မိနစ်က စပြီးလက်မှတ်ရေးထိုးပွဲပြုလုပ် မှာဖြစ်ပါတယ်။ နောက်ထပ်လည်း နဝဒေးရုပ်ရှင်ရုံမှာ ညနေ ၃ နာရီခွဲက စလို့ အမှတ်တရ လက်မှတ်ရေးထိုးကြဦးမယ်လို့လည်း သိရပါတယ်။

Photo: အိချောပိုဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD