သရုပ်ဆောင်လူမင်းကတော့ ဖေ့စ်ဘုတ်ဘုရင်မ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အခွေငှားဆိုင်ပိုင်ရှင်တစ်ယောက်ရဲ့ ကာရိုက်တာ အဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီဇာတ်ကားရိုက်ကူးနေစဉ်ကလည်း ရုပ်ရှင်အစည်းအရုံးဥက္ကဌတာဝန်ကို ထမ်းဆောင် နေတာ ဖြစ်တဲ့အတွက် ခိုးကူးခွေ အပြင် ဖြစ်ရပ်တချို့ကိုလည်း သရော်တဲ့အနေနဲ့ ထည့်သွင်းရိုက်ကူးထားတယ်လို့ မီဒီယာတွေရဲ့ အင်တာဗျူး မှာ ဖြေဆိုခဲ့ပါတယ်။

play

 

'' ဒါကတော့ ကျွန်တော်နဲ့ နည်းနည်းသက်ဆိုင်တာပေါ့နော်။ ဇာတ်ကားရိုက်တုန်းက ကျွန်တော်လည်း ဥက္ကဌလုပ်နေတဲ့အချိန်ဆိုတော့ ခိုးကူးခွေတွေ ခိုးကူးတဲ့ကိစ္စတို့၊ ဘာတို့ ကိုလည်း ကျွန်တော်တို့ သရော်တဲ့အနေနဲ့ အနည်းအကျဉ်းထည့်ရိုက်ထားတယ်။ ဆိုင်နာမည် က လူကြီးဆိုင်ပေါ့ ခိုးကူးတယ်။ လူကြီးဆိုင်က ခိုးကူးတယ် ဆိုတာမျိုး တချို့ဖြစ်ရပ်လေးတွေကို ကျွန်တော်တို့ သရော်ပြီးတော့ ထည့်သွင်း ရိုက်ကူးထားတာတွေလည်း ပါတယ်'' လို့ သူကပြောပါတယ်။

play

 

ခေတ်ကာလအရ ဖေ့စ်ဘုတ်သုံးစွဲမှုများလာတဲ့အတွက် ကိုယ်ပိုင်ဆင်ခြင်တုံ့တရားနဲ့ အသုံးပြုစေဖို့ကိုလည်း အကြံပြုစကားဆိုခဲ့ ပါတယ်။

'' ကျွန်တော်တို့ တိုင်းပြည်မှာတော့ ဖေ့စ်ဘုတ်ရဲ့ လွှမ်းမိုးမှုက တော်တော်ကြီးကို ရာခိုင်နှုန်းများပါတယ်။ ကျွန်တော်တို့ လူတွေအားလုံး ပေါ်မှာ လွှမ်းမိုးမှုက တော်တော်ကိုကြီးပါတယ်။ အဲ့ဒီလွှမ်းမိုးမှုရဲ့ အနောက်မှာ သုံးစွဲသူတွေ၊ သုံးစွဲသူတွေ အားလုံးဟာလည်း မိမိရဲ့ ကိုယ်ပိုင်ဆင်ခြင်တုံ့ တရားလေးလည်း ကပ်ပြီးတော့ သုံးစွဲသင့်တယ်ဆိုတာကို ကျွန်တော်ကတော့ ကိုယ်ချင်းစာပြီး အကြံပြုချင် ပါတယ်'' လို့ ဆိုပါတယ်။

play

 

ဖေ့စ်ဘုတ်သုံးစွဲမှုနဲ့ပတ်သက်လို့ ပုံစံမတူတဲ့ ပညာပေးရုပ်ရှင်ဇာတ်ကားကြီးတွေရှိနေပေမယ့်လည်း ယူလို့ရစရာ သင်ခန်းစာတွေ ပါတယ် လို့ပြောပြခဲ့ပါသေးတယ်။

 

'' ဟာသကားသက်သက်ဆိုပေမယ့်လည်း ယူမယ်ဆိုရင်တော့ ယူလို့ရစရာ သင်ခန်းစာတွေပါ ပါသေးတယ်။ သူတစ်ပါးထိခိုက်နစ်နာ စေနိုင်မယ်ဆိုတာမျိုးတွေ၊ မလိုအပ်ပဲ ကိုယ့်အတွက်အကျိုးမရှိပဲ ဖွာနေကြတယ်ဆိုတာမျိုးတွေ ဒီလိုဟာမျိုးတွေလည်း သရော်တဲ့ အနေ နဲ့ ဒါရိုက်တာတွေက ထည့်သွင်းတင်ပြထားတာကိုလည်း တွေ့ရတယ်'' လို့ လူမင်းက ပြောပါတယ်။

play

 

သရုပ်ဆောင်အကယ်ဒမီလူမင်းကတော့ ဖေ့စ်ဘုတ်ဘုရင်မရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်ထားသလို ဖေ့စ်ဘုတ်ရွာ ၂ ရုပ်ရှင် ဇာတ်ကားကြီးကိုလည်း ရိုက်ကူးထားတယ်လို့ဆိုပါတယ်။ နောက်ထပ်အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖို့လည်း ရှိတယ်လို့ သိရပါတယ်။

Photo: Lucky Seven Production , Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video