AD
AD
AD

အလှမယ်မိုးစက်ဝိုင်ပါဝင်ရိုက်ကူးထားတဲ့ ပက်ပက်စက်စက်ညို့ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ  ၁၇ ရက်နေ့မှာ ရုံတင်ပြသ သွား မယ် လို့ သိရပါတယ်။ ဒီဇာတ်ကားထဲက ကာရိုက်တာ နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုအရမ်းဖြစ်တာကြောင့် ရုပ်ရှင်ရိုက်ကူး နေစဉ် အတွင်း မှာလည်း Actor တွေ တော်တော်ပင်ပန်းတယ်ဆိုတာကို နားလည်သဘောပေါက်သွားခဲ့တဲ့အကြောင်းကို Duwun Media ကနေပြောပြ ခဲ့ပါတယ်။

play

 

'' ပက်ပက်စက်စက်ညို့ရုပ်ရှင်ဇာတ်ကားကြီးကတော့ မိုးစက် ဒုတိယမြောက်ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကား ဒါပေမယ့် ပထမဦးဆုံး ပိတ်ကားပေါ်မှာ ပြမယ့်ကားဖြစ်သွားတာပေါ့။ မိုးစက်ရဲ့ ပွဲဦးထွက်ကားလို့လည်းပြောလို့ရတယ်။ အရမ်းလည်း ရင်ခုန်တယ် မိုးစက်ရဲ့ ဒီကာရိုက်တာက Challenge အရမ်းဖြစ်တယ်။ ဒါပေမယ့် မိုးစက် ကံကောင်းတာက ကိုနေတိုးရယ်၊ မောင်လေးရွှေထူးရယ် က အရမ်း ရင်းနှီးတယ်။ ကိုနေတိုးကလည်း ဘေးက ဖေးမပြီးတော့ တွဲခေါ်တယ်။ ကိုသားညီကလည်း တကယ်ကို စိတ်ရှည်တယ်။ ဒီဇာတ်ကား ကြီး ကနေပြီးတော့ မိတ်ဆွေအသစ်တွေလည်း အများကြီးရခဲ့တယ်။ အဓိက ကတော့ မိုးစက်ရဲ့ ပရိသတ်ကြီးအတွက် ကြိုးပမ်း ပေးထားတာပေါ့နော်'' လို့ သူကဆိုပါတယ်။

play

 

မိုးစက်ဝိုင်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်နေတဲ့အချိန်မှာ သရုပ်ဆောင်တွေရဲ့ အကြောင်းကို တော်တော်နားလည်သဘောပေါက် သွားတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

 

''  ငိုတယ်ဆိုရင်လည်း ရုပ်ရှင်ရိုက်တဲ့အခါမှာ တစ်ခေါက်ငိုရတာမဟုတ်ဘူး ၃၊ ၄၊ ၅ ခေါက်လောက်ငိုရတာလေ ဒါကိုပဲပြန်ငိုဆိုတော့ ပြီးသွားရော အနီးက ရိုက်လိုက်၊ အဝေးက ရိုက်လိုက်နဲ့ အဲ့ဒါကြောင့်ရုပ်ရှင်ရိုက်တဲ့အခါမှာ မိုးစက် သဘောပေါက်သွားတာက Actor တွေ တော်တော် ပင်ပန်းတယ်ဆိုတာကိုတော့ နားလည်သွားပါတယ်။ သူတို့မှာ Emotion နဲ့ ပတ်သက်ပြီး အကြိမ်ကြိမ်ပြန် Feel ရတာပေါ့နော်။ မိုးစက်တို့အပြင်လောကမှာ ဝမ်းနည်းစရာတစ်ခုရှိရင် ဖျောက်ပစ်ရမယ် မိုးစက်လည်း ဖျောက် ပစ်တာအကျင့် အရမ်းပါပြီ။ ဝမ်းနည်းစရာရှိရင် မိုးစက်အတွက်က ၃ စက္ကန့်လောက်ပဲ အဲ့ဒီအချိန်မှာ ဦးနှောက်က ဖျောက်ပစ်လိုက်ပြီ ဖျောက်လိုက်တဲ့ အချိန်မှာ ပြန်ခေါ်ရတယ် မဖြစ်ဘူး ပြန်လာ ဆိုပြီးတော့ အဲ့ဒီလိုမျိုးတွေဖြစ်တယ်'' လို့ ဆိုပါတယ်။

play

 

မိုးစက်ဝိုင်ကတော့ ပက်ပက်စက်စက်ညို့ရုပ်ရှင်ဇာတ်ကားကြီးက သူ့အတွက် ဒုတိယမြောက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပြီး ပထမဆုံး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ သတ္တိရှိရင်လောင်းမလား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူး ထား တယ်လို့ သိရပါတယ်။ ပက်ပက်စက်စက်ညို့ ရုပ်ရှင်ဇာတ်ကားကို 7 Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သားညီက ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် နေတိုး၊ ရွှေထူး၊ မိုးစက်ဝိုင် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo: မိုးစက်ဝိုင်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD