အလှမယ် ဇွန်သံစဉ်ကတော့ ရတနာပုံရုပ်သံဇာတ်လမ်းတွဲထဲက မန္တလေးသူတစ်ယောက် ကာရိုက်တာနဲ့အတူ သူ့ရဲ့ အဝတ်အစား ပြင်ဆင်မှုတွေကြောင့် ပရိသတ်တွေ အားပေးမှုအများကြီးရခဲ့တယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကနေတဆင့် ရရှိလာတဲ့ ပရိသတ် တွေရဲ့ အကြံပေးမှုတွေ ကို ဂရုတစိုက်ကြိုးစားသွားမယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုကျေနပ်ပါတယ်။ အသစ်တစ်ယောက်အနေနဲ့ အရမ်းကြီးလစ်ဟာမှု သိပ်မရှိဘူး လိုအပ်ချက်လေးတော့ အနည်းအကျဉ်းရှိတာပေါ့နော် စကားပြောလည်းမြန်တယ်လို့ ပြောကြတယ်။ အဲ့ဒီအပိုင်းလေး တွေကိုတော့ နောက်ပိုင်းမှာ ဆင်ခြင်ပြီးတော့ သေသေချာချာလေး လုပ်သွားမှာပါ။ အဝတ်အစားပိုင်းကလည်း သူတို့ သဘောကျ တယ်။ ကာရိုက်တာနဲ့ လိုက်တယ်လို့ ပြောတဲ့အတွက်လည်း ဝမ်းသာပါတယ်'' လို့ ဆိုပါတယ်။

play

 

ဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်နဲ့အတူ ရုပ်သံဇာတ်လမ်းတွဲရိုက်ရင်း ပရိသတ်တွေကို ရသအသစ်တစ်မျိုးချပြခဲ့တဲ့ ဇွန်သံစဉ်က ခက်ခဲမှုရှိရင်လည်း ကြိုးစားသွားမယ်လို့ဆိုပါတယ်။

'' ညီမ ဝါသနာပါတဲ့ အလုပ်ဖြစ်တဲ့အတွက် ပရိသတ်တွေနဲ့လည်း အဆက်မပြတ်အောင် အနုပညာလှုပ်ရှားမှုတွေ အမြဲတမ်း လုပ်နေရ မယ်လေ ညီမဘက်ကနေပြီးတော့ အကောင်းဆုံးကြိုးစားသွားပါမယ်။ ကာရိုက်တာနဲ့ပတ်သက်လို့ ညီမကတော့ နည်းနည်း မာ တဲ့ အပိုင်းကို အားသန်တယ်။ ငိုရတဲ့အခန်းတွေ၊ နည်းနည်း မိန်းကလေးဆန်တဲ့အခန်းတွေဆိုရင် ပိုပြီးတော့လုပ်ယူရတယ်။ ခပ်မာမာ အပိုင်းကတော့ မလုပ်ယူရဘူး ကိုယ့်ရဲ့ Natural အတိုင်းရှိနေတာဆိုတော့ ပိုပြီးတော့ Easy ဖြစ်တာပေါ့နော်။ ဘယ်အလုပ်မဆို လွယ်ကူတယ်ဆိုတာ မရှိဘူး၊ ညီမဘက်ကတော့ ခက်ခဲပေမယ့် သင်ယူရင်းနဲ့ပဲ တဖြည်းဖြည်းကြိုးစားသွားမယ်'' လို့ ဇွန်သံစဉ်က ပြောပါတယ်။

play

 

ဇွန်သံစဥ့် အနေနဲ့ သရုပ်ဆောင်အပိုင်းမှာလည်း ဝါသနာပါသူတစ်ယောက်ဖြစ်တာကြောင့် သူ့ပရိသတ်တွေ ဝေဖန်အကြံပြုတဲ့ အပေါ် မှာလည်း တကယ်လိုအပ်နေတဲ့အပိုင်းတွေအပေါ် ပြင်ဆင်မှုတွေလုပ်ဆောင်လေ့ရှိပြီး ကိုယ့်ကိုယ်ကိုထက် လူပေါင်းများစွာသော ပရိသတ်တွေရဲ့ အမြင်တွေဖြစ်တဲ့အတွက် အဲ့ဒီအထဲက တကယ်ကိုဖြစ်နိုင်ချေရှိပြီး ကောင်းစေချင်တဲ့ Commentမျိုးကို သေချာ ဂရုတစိုက်လုပ်ဖြစ်တယ်လို့ဆိုပါတယ်။ ဇွန်သံစဥ့်အနေနဲ့ အခုလက်ရှိမှာ ဇာတ်လမ်းတွဲတွေ၊ ဗီဒီယိုဇာတ်ကားတွေလည်း ရိုက်ကူး နေတာဖြစ်တဲ့အတွက် သရုပ်ဆောင်အလုပ်နဲ့ ကမ်းလှမ်းထားတာတွေရှိတာကြောင့် ဆက်လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Photo: ဇွန်သံစဉ်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video