ပက်ပက်စက်စက်ညှို့ Page ကနေရွေးချယ်လိုက်တဲ့ ချစ်ရတဲ့အနုပညာရှင်နဲ့အတူ ရုပ်ရှင်အထူးပြပွဲတက်ရောက်ခွင့်ရနိုင်တဲ့ အစီအစဉ် လေးအပေါ် သရုပ်ဆောင်နေတိုးရဲ့ အမြင်နဲ့ ဒီအစီအစဉ်လေးမှာ ကိုနေတိုးနဲ့အတူ ပွဲတက်ခွင့်ရခဲ့တဲ့ ခင်ပပအောင်ရဲ့ ရင်ခုန်သံကို လည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' အဓိက ကတော့ ရုပ်ရှင်ခေတ်တစ်ခုကို ခြေလှမ်းစနေပြီလို့ပြောလို့ရတာပေါ့။ ဗီဒီယိုထုတ်လုပ်မှုတွေကလည်း နည်းနည်းလေးရပ်နား သွားပြီဆိုတော့ ရုပ်ရှင်ကို အင်အားကြီးအောင်လုပ်လာကြတဲ့အပေါ်မှာ ပရိသတ်နဲ့ဆက်နွယ်မှု ရရှိလာတဲ့ အခါမှာ ပရိသတ်လည်း ပျော်ရွှင်စေမယ့် Program လေးတွေနဲ့ ဇာတ်ကားကိုလည်း Promot လုပ်တဲ့အနေနဲ့ ဒီလိုအစီအစဉ်လေးတွေ စီစဉ်ဖြစ်တာပေါ့နော်။ ပက်ပက်စက်စက် Page ကနေပြီးတော့မှ ပရိသတ် ၁၀ ယောက်မဲနှိုက်ပေးတယ်ပေါ့နော် အဲ့ဒီမှာမှ ခင်ပပအောင်က ပွဲတက်ဖို့ မဲပေါက် တယ်ပေါ့'' လို့ မိတ်ဆက်ပေးခဲ့ပါတယ်။

play

 

ကိုယ်ချစ်တဲ့သရုပ်ဆောင်နဲ့အတူ ရုပ်ရှင်ဇာတ်ကားပြပွဲ အတူတက်ရတဲ့ ခံစားချက်အကြောင်းကိုလည်း ခင်ပပအောင်က အခုလိုပြောပြ ခဲ့ပါတယ်။

 

'' ပက်ပက်စက်စက်ညှို့က ဒီလိုမျိုးလုပ်တယ်ဆိုတာကို ဖေ့စ်ဘုတ်မှာတွေ့တော့ ညီမလည်း စိတ်ဝင်စားပြီးတော့ ဝင်ပြိုင်တယ်။ ကိုနေတိုး ဆိုတာကလည်း ညီမ ငယ်ငယ်ကတည်းက ကိုယ်လုံးဝသဘောကျခဲ့ရတဲ့ idol တစ်ယောက်ဆိုတော့ အစတုန်းက ပြိုင်တုန်း ကလည်းပါမယ်လို့ မထင်ထားဘူး။ စကာတင် ၁၀ ယောက်ထဲကို ပါပြီးတော့မှ ကိုနေတိုးက Live လွှင့်ပြီးတော့ မဲနှိုက်တဲ့အချိန်မှာ အမှတ်စဉ် ၆၁ ခင်ပပအောင် ဆိုပြီးတော့ ပေါက်သွားတဲ့အချိန်မှာ လုံးဝကို ပျော်ခဲ့ရတယ်ကိုယ့်ကိုယ်ကို တောင်မယုံနိုင်အောင်ဖြစ်ခဲ့ရ ပါတယ်'' လို့ ဝမ်းသာစကားပြောခဲ့ပါတယ်။

play

 

ပက်ပက်စက်စက်ညှို့ရုပ်ရှင်ဇာတ်ကားကြီးအထူးပြပွဲကိုတော့ နိုဝင်ဘာလ ၁၃ ရက်နေ့ညက Junction City မှာရှိတဲ့ JCGV ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပြသပွဲမှာ ပက်ပက်စက်စက်ညှို့ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် မိုးစက်ဝိုင်၊ သရုပ်ဆောင် ရွှေထူးတို့ကလည်း သူတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ပရိသတ်တွေနဲ့ အတူ ပွဲတက်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Photo: ပက်ပက်စက်စက်ညှို့Page

See More

Postby
 
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video