Cele YatKwat: ကျွန်တော်ကြောင့်ရုပ်ရှင်ရသပျက်မှာ စိုးရိမ်တယ်လို့ပြောလာတဲ့ ရွှေထူး

သူငယ်ချင်းတွေ ဟားတာ ခံရပြီးပါပြီတဲ့။

အဆိုတော် ရွှေထူးဟာ မကြာခင် ရုံတင်ပြသတော့မယ့် ပက်ပက်စက်စက်ညှို့ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကဇာတ်ကောင် တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာဖြစ်ပြီး အဲဒီအတွက် စိုးရိမ်စိတ်တွေ များနေရတယ်လို့ ရင်ဖွင့်လာပါတယ်။

play

 

'' ရင်ခုန်တာထက်တော့ စိုးရိမ်စိတ်ပဲများပါတယ်။ ရင်ခုန်လို့လည်း အိပ်မပျော်တဲ့ရက်တွေ တော်တော်များနေပါပြီ။ ကျွန်တော့်ကြောင့် ရုပ်ရှင်ရသပျက်မှာကိုပဲ စိုးရိမ်တယ်။ ကိုသားညီကိုလည်း ကျွန်တော် ဒီနားမှာ ဘယ်လိုလေးလုပ်သင့်လဲ အဓိက ကတော့ အဘွား သား ကတော့လေ သူ့ကိုမှ မရရင်သေမှာ ဆိုတာက ကိုသားညီသင်ပေးတာပါ။ ကိုသားညီသင်ပေးလို့လည်း ပရိသတ်တွေက သဘောကျ သွား တာပေါ့'' လို့ ဆိုပါတယ်။

play

 

ရုံမတင်ခင် သူငယ်ချင်းတွေကို ဇာတ်ကားအရင်ကြည့်စေချင်တယ်ဆိုတဲ့ ရွှေထူးကို သူ့ရဲ့ သူငယ်ချင်းတချို့ ဟားတာခံရပြီးပြီဖြစ်တဲ့ အတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း မျှော်လင့်နေတယ်လို့ Duwn Media ကို ဖြေကြားခဲ့ပါတယ်။

 

'' ကျွန်တော် အများကြီးကြိုးစားထားတယ်ဆိုပေမယ့် အများကြီး မမျှော်မှန်းရဲပါဘူး။ ပရိသတ်တွေအနေနဲ့ကတော့ လေ့လာပေးပါ၊ ဝေဖန်ပေးပါ၊ ကြည့်ပေးပါ။ ကျွန်တော် ဘာလိုလဲ ဆိုတာကိုထောက်ပြပါ။ ပရိသတ်တွေကြည့်ပြီးရင်လည်း ကျွန်တော့်ကို ပြောပြပေးပါ ဦးနော်။ ကျွန်တော်ကတော့ မြင်နိုင်မှာ မဟုတ်ပါဘူး။  သူငယ်ချင်းတွေရဲ့ ဟားတာတော့ ခံရပြီးသွားပြီ။ ၁၅ ရက်နေ့ကျရင် ကျောင်းတုန်း ကပေါင်းခဲ့တဲ့ သူငယ်ချင်းတွေလည်းလာကြည့်ကြမှာ ကျန်တဲ့သူတွေကလည်း ရီသင့်သလောက်ကို ရယ်ပြီးသွားပါပြီ။'' လို့ ရွှေထူးက ပြောပါတယ်။

play

 

ဂီတဘက်မှာလည်း အောင်မြင်သလို သရုပ်ဆောင်ဘက်မှာလည်း ကြိုးစားလျှက်ရှိတဲ့ ရွှေထူးကတော့ ပက်ပက်စက်စက်ညှို့ရုပ်ရှင် ဇာတ်ကားကြီးထဲမှာ ဂျစ်ကန်ကန်နဲ့ လူငယ်တစ်ယောက် ပိုက်ဆံရှိပြီးထင်တိုင်းကျဲတတ်တဲ့ ကာရိုက်တာမျိုး သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို 7Even Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ရွှေထူးအနေနဲ့ 7Even Sense Film Production နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး ၈ ကား ဆက်ရိုက်ဖို့လည်း စာချုပ်ချုပ်ဆိုထားတယ်လို့ သိရပါတယ်။

Photo: ရွှေထူးဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ