Cele YatKwat: သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ရင် ဆက်သွယ်ပါလို့ဆိုတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေ လိုက်ပါကူညီခဲ့တဲ့ အမှုတစ်ခုကတော့ ပြစ်ဒဏ်ချမှတ်လိုက်ပါပြီ။

ခိုင်နှင်းဝေရဲ့ ပရဟိတအသင်းက ပူးပေါင်းဆောင်ရွက်မှုနဲ့  ၅ နှစ်အရွယ်ကလေးငယ်တစ်ဦး ရက်ရက်စက်စက် မုဒိမ်းကျင့် ခံရတဲ့ အမှုရဲ့ တရားခံကို ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်ကြောင်းနဲ့ နောက်ထပ်ဒီလိုအမှုတွေ ထပ်မံပေါ်ပေါက်လာရင် သူမရဲ့ပရဟိတအဖွဲ့ ကိုဆက်သွယ် နိုင်တယ်လို့ ဆိုပါတယ်။

play

 

''ဒီအမှုက ကျမတို့ ခိုင်နှင်းဝေပရဟိတအသင်း,အခရာအမျိုးသမီးအသင်း တွံ့တေးမြို့ရတနာလူမှုကူညီရေး အသင်းတို့ မှပူးပေါင်း ဆောင်ရွက်ပြီး ကျူးလွန်သူ တရားခံအား သက်ငယ်မုဒိမ်းမှုအတွက်မြန်မာနိုင်ငံရဲ့အမြင့်ဆုံးပြစ်ဒဏ်နှစ်၂၀,အပြင်းအထန်နာကျင်စေမှု အတွက် ၇နှစ် စုစုပေါင်းထောင်ဒဏ်၂၇နှစ်ကျခံစေရန် တောင်ပိုင်းခရိုင်တရားရုံးမှအမိန့်ချမှတ်ပြီးဖြစ်ပါတယ်ရှင်...ကျူးလွန်ခံ ရသူ သမီးလေး နဲ့မိဘများကိုလဲ ကျမတို့အသင်းမှ ပညာရေး,ကျန်းမာရေး,စားဝတ်နေရေးအားလုံးကိုတာဝန်ယူစောင့်ရှောက်ထားပါတယ်'' လို့ နိုဝင်ဘာလ ၁၄ ရက်နေ့က သူ့ရဲ့ Facebook အကောင့်ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

 

မဝင်းစန္ဒာရဲ့ဖြစ်စဉ်ကိုလည်း သရုပ်ဆောင် ခိုင်နှင်းဝေက မတ်လလောက်ကတည်းက သူမရဲ့ဖေ့စ်ဘွတ်မှာ ဖော်ပြခဲ့ဖူးပါတယ်။ ''တွံတေးမြို့နယ်မှာနေထိုင်တဲ့ မဝင်းစန္ဒာ အသက်(၅ နှစ် ၅လ) သည် မိခင်နဲ့ အစ်မဖြစ်သူက ရန်ကုန်မှာ အလုပ်လုပ်နေတာဖြစ်ပြီး ဖခင်ဖြစ်သူနဲ့ အိမ်မှာနေခဲ့ရတယ်လို့သိရပါတယ်။ ဖခင်ဖြစ်သူကလည်း လက်လုပ်လက်စား ဘဝမို့ အလုပ်ခေါ်လာတဲ့အချိန် ချက်ချင်း ထသွားရတာမျိုးရှိတာကြောင့် ရွာမှာရှိတဲ့ အိမ်တစ်အိမ်က ကလေးကို ခေါ်ထိန်းပေးလေ့ရှိတယ်.. တစ်ရက် မင်္ဂလာဆောင် တစ်ခုမှာ ဖခင်ဖြစ်သူအလုပ်သွားလုပ်နေတုန်း ကလေးကို အသက် ၂၇ နှစ်အရွယ်ယောက်ျားတစ်ယောက်က ကလေးကို ချစ်ဟန်ဆောင်ပြီး ခေါ်ထိန်းထားရာက သူ့ကို လက်နဲ့ဘယ်လိုနှိုက်တာ, ပါးစပ်ထဲဘယ်လိုထည့်တာ,ပါးစပ်ကို လက်နဲ့ပိတ်ပြီး ပါးကိုဘယ်ပြန်ညာပြန်ရိုက် တယ်​.နင့်အဖေကို ပြောရင် ဓားနဲ့ခုတ်မယ်ဆိုပီယခြိမ်းခြောက်တယ်တဲ့အကြောင်း မဝင်းစန္ဒာကရပ်ကွက်ရေးမှူးကို ပြောပြခဲ့တယ်လို့ သိရပါတယ်။ ဆေးရုံကိုပို့တော့ ဆရာဝန်က တစ်ကြိမ်တခါတည်းစော်ကားထားတာမဟုတ်ကြောင်း အကြိမ်ကြိမ်အခါခါမို့ သမီးလေးရဲ့ သားအိမ်​တစ်ခုလုံးကြေမွသွားလို့ သားအိမ်ကိုလဲထုတ်ပစ်လိုက်ရပါတယ်'' လို့ ရေးထားတာဖြစ်ပါတယ်။

play

 

အခုတော့ ခိုင်နှင်းေ​ဝတို့ ပရဟိတအဖွဲ့ရဲ့ ကူညီပေးမှုကြောင့် တရားခံကို တွံတေးမြို့နယ် တရားရုံးက ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေး လိုက်ပြီ ဖြစ်တဲ့အတွက်ကျေနပ်စရာပါ။ သရုပ်ဆောင်ခိုင်နှင်းဝေအနေနဲ့ အခုလက်ရှိမှာလည်း ကလေးသူငယ်ကူညီစောင့်ရှောက်ရေး သံတမန်တစ်ယောက်အဖြစ်တာဝန်ယူထားရတာပြီးနောက် သူ့ရဲ့ ပရဟိတအဖွဲ့နဲ့အတူ ကလေးသူငယ်စောင့်ရှောက်ရေးကူညီဖေးမမှု လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။သက်ငယ်မုဒိမ်းမှုတွေပျောက်ဖို့ အရိုးကြေကြေအရေခမ်းခမ်း ဆောင်ရွက်သွားမှာဖြစ်တဲ့ ခိုင်နှင်းဝေရဲ့ ပရဟိတအဖွဲ့ကို ဆက်သွယ်နိုင်တဲ့ ဖုန်းနံပတ်ကတော့ ခိုင်နှင်းဝေ ပရဟိတ09250274324,095550015 ပဲ ဖြစ်ပါတယ်။

 

Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ