Cele YatKwat: ကြိုးစားထားတာကိုတော့ပရိသတ်တွေ လက်ခံစေချင်တယ်ဆိုတဲ့ ရဲလေး

တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပပြုလုပ်တော့မှာပါ။

အဆိုတော်ရဲလေးကတော့ ဂီတသက်တမ်း ၁၅ နှစ်ပြည့် အမှတ်တရအနေနဲ့ သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဒီဇင်ဘာလ (၂) ရက် နေ့မှာကျင်းပပြုလုပ်မှာဖြစ်ပြီး YLJK Entertainment ကလုပ်တဲ့ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲလည်းဖြစ်တဲ့အကြောင်း Duwun media ကိုပြောပြခဲ့ပါတယ်။

play

 

'' ဒီပွဲမှာ အပိုင်း ၅ ပိုင်းပါ ပါတယ်။ A to E ပေါ့ အရင်တုန်းက ပွဲတွေမှာလည်း ကျွန်တော်လုပ်ခဲ့ဖူးပါတယ် Plan ၅ ခုနဲ့လုပ်မယ်။ မတူညီတဲ့ ပုံစံနဲ့ သီချင်းတွေ အများကြီးပါမယ်။ သီချင်းအပုဒ်ရေ ကလည်း ၃၀ ကျော်ပါတယ် အချိန်ကလည်း ၃ နာရီကျော် ကြာပါ တယ်။ အားလည်း နာပါတယ် တချို့က မတ်တပ်ရပ်ပြီးတော့ ကြည့်တဲ့သူတွေရှိသလို ထိုင်ခုံနဲ့ ထိုင်တဲ့သူတွေလည်း ရှိပါတယ်။ အားလုံး ကို တွက်ကြည့်လိုက်တဲ့အချိန်မှာလည်း ဒီလောက်အတိုင်းအတာပဲ အဆင်ပြေတယ်။ ဆိုချင်တဲ့ သီချင်းတွေက များနေတာ ဒါတောင် လျော့လိုက်ရတာတွေက ရှိသေးတယ်။ အဲ့ဒီအတွက် အပိုင်း ၅ ပိုင်းဖြစ်သွားတာပါ'' လို့ သူကဆိုပါတယ်။

play

 

ဖျော်ဖြေပွဲကိုလည်း ပရိသတ်တွေက ကြိုက်မှာပါလို့ ဆိုတဲ့ ရဲလေးက ဒီပွဲကိုတော့ ပရိသတ်တွေလက်ခံနိုင်မယ့် အကြောင်းကိုလည်း Duwun media ကနေပြောခဲ့ပါတယ်။

 

'' ဒီပွဲမှာတော့ YLJK Group ရဲ့ အိုင်ဒီယာတွေအများကြီးပါ ပါတယ်။ အဓိက ကတော့ ကျွန်တော်ပေါ့နော် တချို့အရာတွေကျတော့ ကျွန်တော်နားမလည်ဘူး ကိုမင်းမင်းထွန်းတို့က ဝိုင်းပြီး အကြံပေးတဲ့အပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ကြတာပါ။ ပရိသတ်ကတော့ ကြိုက်မှာပါ တခြားပွဲတွေကို တောင် ဒီလောက်ကြိုက်နေရင် ရဲလေးကြိုးစားထားတာကိုတော့ လက်ခံနိုင်မယ်လို့ထင်ပါတယ်'' လို့ ရဲလေးက ဆိုပါတယ်။

play

 

ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အဆိုတော်ရဲလေးရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာတော့ သီချင်းပေါင်း ၃၆ ပုဒ် သီဆိုဖျော်ဖြေသွားမှာဖြစ်ပြီးနာမည်ကျော်အနုပညာရှင်တွေကလည်း ပါဝင်သီဆိုသွားမယ်လို့ သိရပါတယ်။ သီချင်းတွေကိုလည်း အရင်က DJ နဲ့ဆိုခဲ့တာတွေကို Full Band အနေနဲ့ ပြန်လည်လုပ်ဆောင်သွားမှာဖြစ်ပြီး ပရိသတ်တွေနဲ့လည်း အပေးအယူလုပ်သွားဖို့ ရှိတယ်လို့ Duwun Media ကနေ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ