Cele YatKwat: ဒယ်ဒီဖားကင် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်း

တစောင်းစေးနဲ့ မျက်ချေးလိုပဲ။

နယူးဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး အောင်မျိုးသွင်ရဲ့ ဇာတ်လမ်းကို လွမ်းဝေအောင်က ဇာတ်ညွှန်းပြန်လည်ရေးဖွဲ့ ကာ ဒါရိုက်တာနေပိုင် ရိုက်ကူးပုံဖော်နေတဲ့ '' ဒယ်ဒီဖားကင်'' ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ၁၅ ရက်နေ့က ကလောမြို့မှာ စတင် ရိုက်ကူးနေတယ်လို့ သိရပါတယ်။

play

 

'' ဒီဇာတ်ကားမှာက ကိုလွင်မိုးမှာ သမီးတစ်ယောက်ရှိတယ်။ သူက အိချောပိုသားအဖနှစ်ယောက်ရှိတယ်။ ကိုလွင်မိုးက ဖားအရမ်း ကြိုက်တယ်။ သူကိုယ်တိုင် ဖမ်းပြီးတော့ ကင်တယ်၊ အရက်နဲ့ မြည်းတယ်ပေါ့။ ပြီးတော့ ကြက်တိုက်တယ်။ တခြားစီးပွားရေး တွေ လည်းရှိတယ် သူတို့က တောင်ယာစိုက်ခင်းတွေပိုင်တယ်။ ဒီဟာကို သူက တပည့်တွေနဲ့ လွှဲထားတော့ အားနေတဲ့အတွက် ကြက်တိုက် တာ၊ အရက်သောက်တာနဲ့ သူက ရွာထဲမှာ ဘူဇွာဖြစ်နေတာပေါ့'' လို့ ဒါရိုက်တာနေပိုင်က Duwun Media ကိုဖြေဆိုခဲ့ပါတယ်။

play

 

ဖားအရမ်းကြိုက်ပြီး ကြက်တိုက်ရတာဝါသနာပါတဲ့ ယောက္ခမလောင်းနဲ့ သမက်လောင်းတို့ရဲ့ အပြန်အလှန်ပညာပေးတတ်ကြပုံ ကို လည်း ပြောပြခဲ့ပါတယ်။

 

''တစ်ဖက်မှာလည်း မြင့်မြတ်နဲ့ ကေညီ နဲ့က ညီအစ်ကိုတစ်ဝမ်းကွဲ သူတို့တွေကျတော့ ငပွေးနဲ့ ငရှုပ်ပေါ့။ ရွာထဲမှာ လိုက်ပွေးတာ။ အိချောပိုနဲ့ မြင့်မြတ်နဲ့က ကြိုက်နေတာ အဲ့ဒါကို ကိုလွင်မိုးက မျက်စိ ဆံပင်မွှေး စူးပြီး သဘောမတူဘူး။ ကေညီက ကျတော့ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ကိုအရိုင်းရဲ့ သမီးနဲ့ ကြိုက်နေတာ ရွာထဲမှာ အဖိုးကြီး ကြက်ဝိုင်းတိုက်ပြီဆိုရင် ဒီကောင်တွေက ကိုအရိုင်းကို သွားတိုင်တယ်။ တစောင်းစေးနဲ့ မျက်ချေးပေါ့။ တစ်ယောက်နဲ့တစ်ယောက် ပညာပြန်ပေးတာပေါ့'' လို့ဆိုပါတယ်။

play

 

ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် မြင့်မြတ်၊ အိချောပို တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အကယ်ဒမီရဲအောင်၊ အကယ်ဒမီလွင်မိုး၊ အရိုင်း၊ ဇော်ဝင်းနိုင်၊ ငှက်ပျောကြော်၊ ဦးပေါ်လေး၊ ဇော်ဇော်အောင်၊ အောင်ဇော်မင်း၊ ပွင့်၊ ကြူကြူသင်း၊ မျိုးမျိုးခိုင်၊ ကေညီ၊ စွမ်းထက်၊ မင်းရဲစည်သူ၊ သီရိမြတ်တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo: ဒါရိုက်တာနေပိုင်ဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ