Cele YatKwat: ဗီဒီယိုဇာတ်ကားတွေ တစ်လကို ၃ကား၊ ၄ ကား ဖြတ်ပေးရတယ်ဆိုတဲ့ နေဒွေး

ပိုက်ဆံတွေကြိုယူထားပြီး စာချုပ်ချုပ်ထားရတာဆိုတော့။

သရုပ်ဆောင်နေဒွေး ကတော့ ဗီဒီယိုဇာတ်ကားရိုက်ကူးဖို့ အနုပညာကြေးတွေ ကြိုယူထားရတာဖြစ်တာကြောင့် ဗီဒီယိုဇာတ်ကား ရိုက်ကူး ရေးတွေများနေတာဖြစ်ပြီး လာကမ်းလှမ်းတဲ့ရုပ်သံဇာတ်လမ်းတွဲတွေကိုတောင် လက်လွှတ်လိုက်ရတဲ့အကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကာရိုက်တာအဆန်းလေးတွေကတော့ ရိုက်ချင်သေးတယ်။ အခုက ကျွန်တော်တို့က ရုပ်ရှင်မှာဆိုရင်တော့ သိပ်ရွေးချယ်ခွင့်မရှိဘူး။ တိုက်က ချပေးတဲ့ ကာရိုက်တာလေးတွေကို စိစစ်ပြီးရိုက်ရတာပေါ့။ ဗီဒီယိုမှာကတော့ ကိုယ်ရိုက်ချင်တဲ့ဇာတ်တွေကောက်ရိုက်တာပဲ။ ကျွန်တော်ကတော့ ဗီဒီယိုတွေပဲ ရိုက်တာများနေတယ်'' လို့ သူကဆိုပါတယ်။

play

 

'' ဒီဘက်မှာကျတော့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲဘက်ကို သိပ်ဦးစားမပေးနိုင်ဘူး။ ကျွန်တော့်ကို ဇာတ်လမ်းတွဲတွေ လာချိတ်တာ လည်း များ တယ်။ ဇာတ်လမ်းတွဲဆိုရင် မင်္ဂလာရှိသောအရပ် တစ်ခုပဲ သရုပ်ဆောင်ရသေးတယ်။ နောက်ထပ် ၂ တွဲ၊ ၃ တွဲပျက်သွားတာ။ ကျွန်တော်က ဗီဒီယို အတွက် ပိုက်ဆံတွေက ကြိုယူထားပြီး စာချုပ်ချုပ်ထားရတာဆိုတော့ သူတို့ကို တစ်လ ၃ ကား၊ ၄ ကား ဖြတ်ပေးရတယ်။ အဲ့ဒီတာဝန်ကလည်း ရှိနေတော့ အဲ့ဒီဘက်ပဲများနေတယ်။ တစ်ခါတစ်လေ ဗီဒီယိုနဲ့ရုပ်ရှင်က လာကမ်းလှမ်းတာ တိုက်နေရင် ကိုယ့်လူတွေဘက်ကိုပဲ ပါရတာပေါ့။ ဒါကြောင့် ရုပ်ရှင်ထက်စာရင် ဗီဒီယိုဘက်ကို ပိုများတယ်'' လို့ နေဒွေးက Duwun Media ကိုဖြေဆိုခဲ့ပါတယ်။

play

 

ဗီဒီယိုဇာတ်ကားတွေ အများဆုံးရိုက်ကူးဖြစ်နေတဲ့ နေဒွေးကတော့ ၂၀၁၈ ခုနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားကြီး ၆ ကားရိုက်ကူးဖို့ လက်ခံထားတယ်လို့ သိရပါတယ်။

Photo: နေဒွေးဖေ့စ်ဘွတ်

See Miore

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ