Cele YatKwat: အနုပညာနဲ့ပတ်သက်လာရင်သီချင်းဆိုတဲ့အပိုင်းကို ဝါသနာမပါဘူးဆိုတဲ့ ယမင်းမေဦး

သရုပ်ဆောင်အလုပ်ကို ရူးသွပ်ခဲ့တာပါ။

မော်ဒယ်လ်လောက ကနေ သရုပ်ဆောင်ဘက်ကို ခြေလှမ်းစတင်လာတဲ့ ယမင်းမေဦးကတော့ အနုပညာနဲ့ပတ်သက်လာရင် သရုပ်ဆောင်အလုပ်ကိုပဲ ရူးသွပ်ခဲ့တာကြောင့် သီချင်းဆိုတာကို ဝါသနာမပါဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ညီမ ကတော့ မော်ဒယ်လ်အပိုင်းကနေ လာတာပေါ့နော်။ ဒါပေမယ့် ဒီလောကထဲက စဝင်လာကတည်းက သရုပ်ဆောင်ဖြစ်ချင်လို့ ပါ။ အနုပညာနဲ့ ပတ်သက်လာရင် အဆိုအပိုင်းတွေကို ဝါသနာပါဘူး။ သရုပ်ဆောင်အလုပ်ကိုပဲဝါသနာပါတာပါ။ ဒီသရုပ်ဆောင်အပိုင်း အတွက် လေ့လာမှုအနေနဲ့ ဇာတ်ကားတွေကြည့်ဖြစ်တယ်၊ ကိုယ့်စီနီယာတွေရဲ့ အိုက်တင်လေးတွေကြည့်ဖြစ်တယ်။ ရိုက်ကွင်းပေါ် ရောက် ဖြစ်တယ်ဆိုရင်လည်း ကိုယ့်ရဲ့ ဒါရိုက်တာတွေ၊ ပါဝင်ကြတဲ့ စီနီယာသရုပ်ဆောင်တွေကလည်း လက်တွဲခေါ်ပေးကြပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ယမင်းမေဦးအနေနဲ့ အခုလက်ရှိမှာ ဒါရိုက်တာသားညီရိုက်ကူးတဲ့ မိုးတိမ်ကမ်းခြေ အဝေးကလှေ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင် နေတဲ့အကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။

 

'' မိုးတိမ်ကမ်းခြေ အဝေးကလှေ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ပန်းနာရင်ကြပ်ဖြစ်နေတဲ့ရောဂါသည်မလေးတစ်ယောက်၊ ပြီးတော့ ကိုယ်နဲ့အတူ နေတဲ့ သူငယ်ချင်းအပေါ်လည်း အရမ်းကိုသံယောဇဉ်ကြီးတဲ့သူတစ်ယောက် နေရာက ပါဝင်သရုပ်ဆောင် ရမှာပါ။ ဇာတ်လမ်းလေးကတော့ လှည့်ကွက်လေးတွေပါတော့ မပြောပြချင်သေးဘူး'' လို့ Duwun Media ကိုဖြေဆိုခဲ့ပါတယ်။

play

 

မော်ဒယ်လ်လောက ကနေ သရုပ်ဆောင်လောကထဲဝင်ရောက်လာတဲ့ ယမင်းမေဦးအနေနဲ့ ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူထား တာဖြစ်ပြီး သရုပ်ဆောင်ဇွဲပြည့်နဲ့အတူ သရဲဆိုတာ ဂျိုနဲ့လားဟေ့ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ သရုပ်ဆောင်အလုပ်ကို ဝါသနာပါတာကြောင့် ကာရိုက်တာတိုင်းကို ကြိုးစားချင်တဲ့ရည်ရွယ်ချက်ရှိတယ်လို့ ဆိုပါတယ်။

Photo: ယမင်းမေဦးဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ