သရုပ်ဆောင်လင်းအောင်ခေတ်ကတော့ အနုပညာအလုပ်တွေဆက်တိုက် ဆောင်ရွက်လာရနဲ့အမျှ ပရိသတ်တွေရဲ့ အမျိုးမျိုးဝေဖန်မှုတွေ ကို လည်း ခံရပါတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော် အာပုကြူး ဆိုတဲ့ ကလေးတစ်ယောက်နဲ့ ပုံတင်တယ်။ အဲ့ဒီကလေးနဲ့တောင်မှ ကျွန်တော့်ကို လာပေးစားနေတော့ ဒီလိုမျိုးပဲ ကိုယ်နဲ့ အတူ ပုံတွဲတင်နေတဲ့သူတွေနဲ့  လိုက်ပေးစားခံနေရတော့ ဟာသအနေနဲ့တွေးပြီး အခုမှ အသက် ၁၀နှစ်လောက်ရှိတဲ့ကလေးနဲ့တောင်မှ ဦးနဲ့ ကလေးနဲ့ ဇာတ်တွေ Share ပြီးတော့ ပေးစားခံနေရတဲ့အတွက် ဟာသအနေနဲ့ပဲ ကြည့်လိုက်ပါတယ်'' လို့ ဆိုပါတယ်။

play

 

ပရိသတ်တွေဝေဖန်ခံရတဲ့ ဓာတ်ပုံအပေါ်မှာလည်း လင်းအောင်ခေတ်က အခုလိုပြောပြပါတယ်။

'' အာပုကြူး မွေးနေ့မှာတုန်းက ကျွန်တော့်ကို စ နောက်ပြီး နို့ကိုင်ထားတဲ့ ပုံကို ကျွန်တော်က တင်လိုက်တာ ကျွန်တော့်ကို ဝိုင်းပေးစားကြတယ်။ ပြီးတော့ သူ့ဦးလေးနဲ့တင်လည်း ဝိုင်းပေးစားကြတယ်။ ကိုယ့်ထက်နာမည်ကြီးပြီးတော့ ကိုယ့်ထက်အများကြီး ဝါရင့်တဲ့သူတွေတောင် မှ အပြော အဆိုခံ နေရတာ ကျွန်တော်တို့လို အခုလိုအပြောခံရတာကိုလည်း ဘာမှတော့စိတ်ထဲမရှိဘူး'' လို့ ဆိုပါတယ်။

play

 

လင်းအောင်ခေတ်အနေနဲ့ မော်ဒယ်လ်လောက ကနေ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတဲ့သူတစ်ယောက်ဖြစ်ပြီး Bad Boys ရုပ်ရှင် ဇာတ်ကားကြီးထဲမှာလည်းပါဝင်သရုပ်ဆောင်ထားသလို ဒါရိုက်တာပွင့်သိင်္ဂီဇော်ရဲ့ ကျားစာရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။

Photo: လင်းအောင်ခေတ်ဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video