Cele YatKwat: ထူးအယ်လ်လင်းနဲ့အတူ ချင်းတောင်တက်မယ့် ကိုပေါက်

ရင်ခုန်သံရှု့မျှော်ခင်း ခရီးသွားအစီအစဉ်ရိုက်ကူးဖို့ရှိပါတယ်။

ဒါရိုက်တာကိုပေါက်ကတော့ ခရီးသွားအစီအစဉ်တစ်ခုအတွက် ဇာတ်ကားရိုက်ကူးမှုတွေပြီးရင် အဆိုတော်ထူးအယ်လ်လင်းနဲ့အတူ ချင်းတောင် တက်မယ်လို့ Duwun Media ကိုဖြေဆိုခဲ့ပါတယ်။

play

 

'' ဇာတ်ကားရိုက်ပြီးရင် ကျွန်တော် ချင်းတောင်တက်မယ်။ ကျွန်တော့်ရဲ့ ခရီးသွား Documentry အတွက် ချင်းတောင်တက်မယ်။ အဲ့ဒါက ကိုထူးအယ်လ်လင်း နဲ့ သွားမယ်။ အဲ့ဒါတွေကတော့ ရှေ့မှာလည်း ရိုက်ထားပြီးသားတွေရှိတယ်။ ၁၂လပိုင်းမှာတော့ ပွဲလေးတွေလုပ်မှာပေါ့။ ကျွန်တော့်ရဲ့ Page မှာလည်း ရင်ခုန်သံရှု့မျှော်ခင်းဆိုတဲ့ ခရီးသွား Documentry Program ပေါ့'' လို့ သူကဆိုပါတယ်။

play

 

ရင်ခုန်သံရှု့မျှော်ခင်းလို့ အမည်ပေးထားတဲ့ ခရီးသွားအစီအစဉ်လေးကနေ မြန်မာနိုင်ငံအတွင်းက လှပတဲ့နေရာလေးတွေကို ဘယ်လိုရှာဖွေဖော်ထုတ်သွားမယ်ဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

''မြန်မာနိုင်ငံမှာရှိတဲ့ အလှအပတွေ၊ လူတွေအားလုံး အမှတ်တမဲ့ကျော်သွားပြီးတော့ ထဲထဲဝင်ဝင်မသိတဲ့ မသိတဲ့အကြောင်းအရာတွေတွေကို လေးလေးနက်နက် နဲ့ ပြည့်ပြည့်စုံစုံလေးတင်ပြမယ့် အစီအစဉ်လေးပေါ့နော်။ အဲ့ဒါကတော့ တစ်နိုင်ငံလုံးကိုသွားမှာပါ။ သူများသွားပြီးသားနေရာတွေလည်း ဖြစ်လိမ့်မယ် ဒါပေမယ့် ကျွန်တော်တင်ပြမယ့်ပုံစံနဲ့ ရှေ့က သွားပြီးသားလူတွေရဲ့ တင်ပြမှုပုံစံကတော့ တူမှာမဟုတ်ပါဘူး'' လို့ ကိုပေါက်က ပြောပါတယ်။

play

 

ဒါရိုက်တာကိုပေါက်အနေနဲ့ ခရီးသွားရှု့မျှော်ခင်း ဆိုတဲ့ Program ရိုက်ကူးပြီးသွားရင် အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ချစ်နိုးနိုးဆိုတဲ့ ဇာတ်ကားကို သရုပ်ဆောင်မြင့်မြတ်နဲ့ရိုက်ကူးသွားမှာဖြစ်ပြီး လာဗင်ဒါရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ ဂျင်းကောင်ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်မြင့်မြတ်နဲ့ပဲ ၂ လပိုင်းမှာ ရိုက်ကူးသွားဖို့ရှိတယ်လို့ သိရပါတယ်။

Photo:ကိုပေါက်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ